ဒီသတင်းလေးကတော့ ကြားရသူတိုင်းအဖို့ ထူးဆန်းနေမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သတို့သားရဲ့ အသက်အရွယ်က
သတို့သမီး၏ အသက်ထက် လေးဆနီးပါးခန့် ပိုကြီးနေသောကြောင့် ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဆိုရင်ဖြင့် ဖူးစာ နက္ခတ်ဆုံပီး
(၁.၁၂.၂၀၂၁) ရက်နေ့က ဟိုပင် သဲဂုဏ်ရွာမှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဖူးစာများ ဆုံချင်ပီဆိုရင် ဘယ်လိုမှ ပြေးမလွတ်တာ
အမှန်ပါပဲဗျာ။ ထူးဆန်းစွာ ဖူးစာဆုံခဲ့ကြတဲ့ ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
လူပျို အပျို ကြီးတွေလဲ ဇွဲမလျှော့ကြပါနဲ့။ တစ်နေ့တော့ ကိုယ့်ရဲ့ဖူးစာရှင် ရောက်လာမယ်ဆိုတာ သေချာပါတယ်ဗျာ။
Be the first to comment