သံယောဇဥ် အပိုင်း ၅

“ဟိုကောင်းကင်မှပျံဝဲနေကြတဲ့ ကိုရွှေစွန်တို့လင်မယားက ရှိသေးတယ် ။ ဒင်းတို ့လင်မယားကတော့ ကိုရွှေကျီးတို့ လင်မယားထက် အားလဲကောင်း၊ မြန်လဲမြန်တယ် ။

ဒင်းတို့ လင်မယားကို ကိုရွှေကျီးတို့လင်မယား ထက်ကြောက်ရတယ် ။ ငါတစ်ကောင်ထဲနဲ့တော့ ခံတိုက်လို့ နိုင်မှာမဟုတ်ဘူး။

ဒင်းတို့ အဖေပါ ဝိုင်းပြီး ခုခံရင်တော့ ကောင်းမှာဘဲ။ နို့ပေမယ့် သူ့ကို စိတ်ချရတာ မဟုတ်ဖူး။ လေးက လေးလံပါဘိသနဲ့ ။ အင်မတန် စိတ်ပျက်စရာကောင်းတယ်။

သူ့ကိုယ်ကတော့ဖြင့် လေးလံပါရဲ့၊ သူ့နှုတ်သီးကတော့ ဘယ်အခါမှ အငြိမ်မနေဘူး ။ အော်ကျယ် အော်ကျယ်နဲ့ ဟိုကြက်ဖနဲ့ ရန်ဖြစ် ၊ ဒီကြက်ဖနဲ့ ရန်ဖြစ်၊ ပြောလို့လဲ မရဘူး ။

အခုဘဲ ကြည့်ပါလား ။ ဟိုဘက်အိမ်က ကြက်ဖကြီးနဲ့ တစ်ယောက်တစ်ခွန်းစီ ဆဲရေးတိုင်းထွာနေတာ ။ သူ့ကိုတော့ အားမကိုးပါဘူး ။ စိတ်ပျက် ပါတယ် ။

သူ့ကိုသာ အားကိုးနေမယ်ဆိုရင် သားကလေးတွေ အားလုံး ကိုရွှေစွန်တို့ လင်မယားရဲ့ အစာတွေ ဖြစ်ကုန်မယ် ။ ဒါဖြင့် ဘယ်လိုကြံမလဲ ။ အင်း၊ အကြံ တစ်ခုတော့ရပြီ ။ ဘာတဲ့ ။ သားကလေး သမီးကလေးတွေကို အိမ်အောက် ထဲက မထွက်စေချင်ဘူးဒင်းတို့ အိမ်အောက်ထဲ မှာနေရင် ကိုရွှေစွန်တို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ။

သူတို့ဟာ ကွင်းပြင် မြေပြင်မှာသာ အစွမ်းရှိတယ် ။ အိမ်အောက်မှာတော့ အစွမ်းမရှိပါဘူး”

Be the first to comment

Leave a comment

Your email address will not be published.


*