ကြောင်ကလေးသုံးကောင် အပိုင်း၂

၎င်းကြောင်ကလေး သုံးကောင်ကို မြင်လျှင်မြင်ချင်းပင် မောင်လူအေး၏ စိတ်အတွင်း ချစ်ခင်ခြင်းစိတ်ထားမှာ ကြီးမားစွာ ပေါ်ပေါက်၍ လာတော့၏။ ဤသို့ ချစ်ခင်သောစိတ်ထား ပေါ်ပေါက်လာသည် နှင့်တစ်ပြိုင်နက် ကြောင်ကလေးသုံးကောင်

အား ဖမ်းလေတော့သတည်း။ ကြောင်ကလေးသုံးကောင်မှာ လွတ်အောင် မပြေးနိုင်ကြသောကြောင့် မာန်သွင်းကာ ကုပ်ခံ လျက်နေကြကုန်၏။ ၎င်းတို့၏အနားသို့ မောင်လူအေး၏လက် ရောက်သွားသည် နှင့်တစ်ပြိုင်နက် အမွေးများကို ထောင်ကာ ရှူးကနဲ၊ ရှူးကနဲနှင့် လုပ်ကြ၏။ မောင်လူအေး၏လက်လည်း ရွံ့၍၊ညံ့၍ သွားလေတော့၏။ ဤအခိုက်တွင် ကြောင်မကြီးပေါက် ၍လာပြီးလျှင် မကြေမနပ်သော မျက်နှာထားဖြင့် မောင်လူအေး အား စိုက်၍ ကြည့်နေရှာလေသည်။ သို့သော် အနားသို့ကား မကပ်ဝံ့ရှာပေ။

ကြောင်ကလေး သုံးကောင်နှင့် မောင်လူအေး တို့သာလျှင် စစ်ခင်းနေကြကုန်၏။ မောင်လူအေးကလည်း အလျှော့မပေး။ ကြောင်ကလေးများကလည်း အရှုံးမခံ။ အင်မတန် ခက်၍နေလေ ပြီ။ မောင်လူအေးမှာ မရလျှင်မနေဟူသော ဇွဲနပဲ။ ကြောင် ကလေးများကလည်း အတင်းအကြပ် ခုခံကြရရှာလေသည်။ နောက်ဆုံးတွင်ကား ကြောင်ကလေးများမှာ ကုတ်ရင်း၊ အော်ရင်း၊ ခုခံရင်းနှင့်ပင် မောင်လူအေး၏လက်တွင်း သို့သက်ဆင်း ကျ ရောက်ကြရ ရှာလေသတည်း။
ကြောင်ကလေးသုံးကောင် မိမိလက်တွင်းသို့ ရောက်လျှင်

ပိုက်ခါ အိမ်သို့ပြန်ခဲ့၏။ ကြောင်မကြီးကား နေမထိ ထိုင်မတတ် ဖြစ်နေလေတော့ပြီ။ မောင်လူအေးအနားလည်း မကပ်ဝံ့။ မောင်လူအေး မျက်ခြေပြတ်သွားမည်ကိုလည်းစိုး။ မလှမ်းမကမ်း မှလိုက်၍ လာခဲ့၏။ အိမ်သို့ရောက်လျှင် ကြောင်ကလေးသုံးကောင် အား ဘုရားခန်းထဲတွင် လှောင်၍ထားခဲ့၏။ အထွက်၊ အဝင်တံခါး များကို ပိတ်၍ထားသော်လည်း ပြတင်းပေါက်များ ကိုကား ဖွင့်၍ ထားလေသည်။ ကြောင်ကလေးသုံးကောင်က အခန်းထဲမှအော်၊ ကြောင်မကြီးက အပြင်ဘက်မှနေ၍ အသံပေး။ ဆူညံ၍နေလေပြီ။ မောင်လူအေးကား စာရေးလျက်သာနေ၏။

အတန်ကြာလျှင် ကြောင်အော်သံများ ပျောက်၍သွားလေ သည်။ အကြောင်းကိုသိလိုသောကြောင့် တံခါးကို အသာလှစ်၍ ကြည့်၏။ လား-လား-ကြောင်မကြီး အခန်းတွင်းသို့ ရောက်နေ လေပြီ။ ပြတင်းပေါက်မှ ကျော်တက်ဟန်တူ၏။

ကြောင်ကလေး သုံးကောင်လည်း တိုးဝှေ့ကာ နို့စို့နေကြကုန်၏။ ကြောင်မကြီး ကား သားကလေးများကို လျှာဖြင့် လျှက်ပေးနေလေသည်။ “ရင် သွေးဟူက ချစ်မဝ” ပါတကား။ မောင်လူအေးလည်း တံခါးကို အသာစေ့ပြီး မိမိ၏စာရေးစားပွဲတွင် ပြန်၍ထိုင်၏။

Be the first to comment

Leave a comment

Your email address will not be published.


*