သောက်ရေအိုး စင်ရှိ၏ ။ ထို သောက်ရေအိုးစင်နှင့် ကပ်လျက်ကား ကြက်ဖြူမကြီး တစ်ကောင်၏ ကြက်ခြင်း ရှိလေသည် ။ ထိုကြက်ဖြူမ ကြီးကား မိမိ၏ ဥများကို ဝပ်လျက် နေ၏ ။
မောင်လူအေးမှာ မိမိနှင့် ပါလာသော အမှုတွဲ ၊ အစီရင်ခံစာ ၊ လျှောက်လွှ ာတို့ကို ရုံးစာခြင်းထဲမှထုတ်ကာ မှတ်ချက် ရေးတန်ရေ း ၊ အမိန့်ချ တန်ချ ၊ အစီရင်ခံ စာ ရေးတန်ရေးနှင့် တစ်နေ့လုံး အလုပ်များလျက် နေလေ၏ ။
နေပူရှိန် ကြောင့် တစ်ကိုယ်လုံး ချွေးအတိ ပြီးနေ လေသည် ။
သူ၏ မနီးမဝေး ခြင်းထဲတွင် ဝပ်လျက်နေသော ကြက်ဖြူမ ကြီးမှာလည်း အိမ်အောက်တွင် စောင့်နေသော ကြက်ဖကြီးအား အသံပေးလိုက် ၊
မပေါက်သေးသော သားကလေးများ ကိုခေါ် လိုက် ၊ ခြင်းတောင်း၏ နှုတ်ခမ်းကို ဆိ တ် ပေါက် လို က် နှင့် အလုပ်များ နေပေသည် ။
အစာကို ပင် ဆင်း၍ မစား တော့ချေ ။
မောင်လူအေး ချွေးတလုံးလုံးနှင့် နေသကဲ့ သို့ပင် ကြက်ဖြူမကြီး မှာလည်း ပူလွန်းလှ သဖြင့် မောဟိုက်လျက် နေပေ၏ ။
သူ၏ ညည်းညူသော အသံကိုပင် ကြားရလေသည်။
ဤကြက်ဖြူမကြီး၏ အခြင်းအရာကို အလုပ်လုပ်၍
Be the first to comment