သရုပ်ဆောင် ဆောင်းဝတ်ရည်မေလို့ ဆိုလိုက်တာနဲ့ ချစ်စဖွယ်အမူအရာလေးနဲ့ သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသမီးလေးကို မြင်ယောင်မိကြမှာပါ။
ဆောင်းဝတ်ရည်မေက ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်သလို လက်ရှိမှာလည်း ဇာတ်ကားတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဆောင်းဝတ်ရည်မေက သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသစ်လေးအကြောင်းကို ဝေမျှလာပါတယ်။ ဆောင်းဝတ်ရည်မေက “Forever Group မှ
ရိုက်ကူးတင်ဆက်သော “၁၀၁ ရာခိုင်နှုန်းအချစ်” မြန်မာရုပ်သံဇာတ်လမ်းတွဲ အသစ်ကို နိုဝင်ဘာလ (၃) ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာမှသောကြာနေ့ ည (၇:၀၀) တွင်
MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားတော့မှာပါရှင့်.. ဆက်ဆက်စောင့်မျှော် ကြည့်ရှု့ပေးကြဦးနော် ချစ်တို့ရေ…” ဆိုပြီး သူမပါဝင်ထားတဲ့ ဇာတ်ကားလေးအကြောင်းကို
ပြောပြလာပါတယ်။ “၁၀၁ ရာခိုင်နှုန်းအချစ်” ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲမှာ ရန်အောင်၊ ခင်ဇာခြည်ကျော်၊ ထူးမွန်၊ ကောင်းမြတ်စံ၊ မိုးသူရ၊ ရှိုင်းဇေ၊ မင်းဇေ၊ စိုးထွန်းဝင်း၊ သျှင်းမြတ်၊
ကောင်းထက်သာ၊ အလင်းသစ်၊ ကောင်းစစ်သွေး၊ ဟန်ထက်ဈာန်၊ ဆောင်းဝတ်ရည်မေ၊ ဆုထက်လှိုင်၊ ဆုမွန် စတဲ့ သရုပ်ဆောင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်နော်။