ပရိတ်သတ်ကြီးရေ ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့ အပြုံးလေးတွေနဲ့ အပြုအမူ အပြောလေးတွေကြောင့် ပုရိသတွေရဲ့
ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ ဒါ့အပြင် ခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲမင်းသမီးလေး ဖြစ်ခဲ့တဲ့အပြင် အမြဲပျော်ပျော်နေတတ်ပြီး
သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။ အရိပ်ဇာတ်လမ်းတွဲမှာ ”အညို” ဆိုပြီး
ပရိတ်သတ်တွေအားပေးခံခဲ့ရတာ ဖြစ်ပြီး ”နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း ”နှင်းဆီ” ဇာတ်ကောင်နဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။ မကြာသေးမီကပဲ
သူမရဲ့ ချစ်သူကို တရားဝင်ချပြကာ လက်ထပ်ခွင့် အတောင်းခံခဲ့ရကြောင်းလည်း ပရိတ်သတ်တွေကို ပွင့်လင်းစွာ ပြောပြထားသူလေးပါ။ ဒီနေ့မှာတော့ သူမရဲ့ Prewedding ပုံလေးတွေ
ထွက်ရှိလာခဲ့ပြီ ဖြစ်ပြီး စုံတွဲတွေတိုင်းရိုက်ကူးချင်လောက်တဲ့ ကြည်နူးစရာ Prewedding ပုံလေးတွေကို အမိုက်စား ရိုက်ကူးခဲ့တာပါ။ ချစ်စရာ အဖြူရောင်ဝတ်စုံလေးနဲ့
ပေါ့ပါးလွတ်လပ်စွာ သူများတွေနဲ့မတူ တမူထူးထူးခြားခြားလေးရိုက်ကူးခဲ့တဲ့ ခေးဆက်သွင်ရဲ့ Prewedding ပုံလေးတွေကို ပရိတ်သတ်ကြီး ကြည့်ရှူဖို့ တင်ပေးလိုက်ပါတယ်နော်။