သူမအနားမှာ မိသားစုဆိုတာ မရှိခဲ့တဲ့ ဘဝမှာ ပရိတ်သတ်တွေကသာ မချစ်ပေးရင် အသက်တောင်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး လို့ ပြောလာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာတွေနဲ့အတူ ပရိတ်သတ်တွေကို ဖမ်းစားထားပြီး ဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့

အတွက်ကြောင့် ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကို တခဲနက် အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ထက်ထက်မိုးဦးက “ထက်မှာ မိသားစုမရှိတော့

ပရိတ်သတ်တွေ မချစ်ရင် ဘယ်သူကမှ ချစ်ပေးမှာ မဟုတ်ဘူး..” ဆိုပြီး အခုလို ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ထက်ထက်မိုးဦးက “မိဘမောင်နှမ မရှိတော့ ပရိတ်သတ်ကသာ

မချစ်ရင် ဘယ်လိုလုပ်မလဲ.. ထက်ထက်ရဲ့အသက်က ချစ်ရတဲ့ မိဘပြည်သူပဲ… ဘာလို့လဲဆိုတော့ ကိုယ့်ကို ချစ်ပေးနေတယ်ဆို ကိုယ့်မှာ အားရှိနေတာ.. သူတို့သာ မချစ်ပေးဘူးဆို

ထက် ဘယ်လိုလုပ်ရမလဲ… ကိုယ့်မှာ အသိုင်းအဝိုင်းလဲ မရှိ.. မိဘလဲ မရှိ… မောင်နှမလဲ မရှိ ဆိုတော့ ကိုယ့်ကိုချစ်ပေးလို့ ကိုယ်က တစ်ယောက်ထဲ ဒီလိုမျိုး ခိုင်ခိုင်မာမာ

ရပ်တည်နေနိုင်တာလေ… အဲတော့ သူတို့ရှိရင် ကိုယ်ရှိတယ်.. သူတို့ချစ်ပေးလို့ ကိုယ်က အသက်ရှင်နေရတာပါ…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။