သူမရဲ့ မန်နေဂျာနဲ့ လွန်ခဲ့သောလမှစပြီး မည်သည့်လုပ်ငန်းကိစ္စများကိုမှ လုပ်ဆောင်ခြင်း မရှိတော့ပဲ လမ်းခွဲခဲ့ပြီလို့ ပရိတ်သတ်ကြီးကို အသိပေးလာတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ

သရုပ်ဆောင် မင်းသမီး ခင်ဝင့်ဝါကတော့ အလှမယ်တစ်ယောက် အဖြစ် အနုပညာလောကမှာ လူသိများလာခဲ့တဲ့ Miss Supranational 2013 ရဲ့ Miss Internet Award ဆု အပါအဝင် အလှမယ်ဆု (၄) ဆုအထိ

ပိုင်ဆိုင်ထားသူလေးတစ်ယောက် ဖြစ်ပါတယ်။ ခင်ဝင့်ဝါက အခုဆိုရင် အလှမယ်တစ်ယောက် အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် အဖြစ် ကျော်ကြားလာပြီး ရုပ်ရှင်ဇာတ်ကားကြီး အများအပြားကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခင်ဝင့်ဝါက သူမရဲ့ မန်နေဂျာနဲ့ ရှေ့ဆက်ပြီး အလုပ်ဆက်တွဲလုပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ အသိပေးလာပါတယ်။ ခင်ဝင့်ဝါက “ကျွန်မ၏ မန်နေဂျာ တစ်ဖြစ် ကျွန်မ၏ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးခဲ့ဖူးသော

ကိုဇော်ထူးအောင် (ခ) ဇော် နှင့် လွန်ခဲ့သော (၁) လခန့်မှ စတင်ပြီး မည်သည့်လုပ်ငန်းကိစ္စများကိုမှ လုပ်ဆောင်ခြင်း အလျဉ်းမရှိတော့ကြောင်း၊ ချစ်ခြင်း မုန်းခြင်းမပါသော လမ်းခွဲခြင်း ဖြစ်ပြီး အရင်လို ခင်မင်ရင်းနှီးယုံကြည်စွာ

အလုပ်များ အတူတွဲလုပ်တော့မည် မဟုတ်ကြောင်း အသိပေးရင်း နောက်နောင် သူနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမယ် မဟုတ်ပါ” လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “ကျေးဇူးရှိမှ ကျေးစွတ်တာ။

သူတို့လုပ်သမျှ သည်းခံနေရင် ကိုယ်သည် လူကောင်း.. သည်းမခံတဲ့နေ့ လူဆိုး ဖြစ်သွားရော…” ဆိုပြီး ခံစားချက်တွေ ဖွင့်ဟလာပါတယ်။ ခင်ဝင့်ဝါကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် ယခင်က

သူမရဲ့အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ မန်နေဂျာနဲ့ အခုချိန်မှာ အလုပ်တွေဆက်တွဲလုပ်ဖြစ်တော့မှာ မဟုတ်ကြောင်း အားလုံးသိအောင် ကြေငြာလာခဲ့တာပဲ ဖြစ်ပါတယ်။