သူမရဲ့ တင်လိုက်တဲ့ ပိုစ့်လေးတစ်ခုကြောင့် မွေးရာပါနှုတ်ခမ်းကွဲ သမီးလေးရဲ့ အခမဲ့ခွဲစိတ်မှုကို အထောက်အကူပြုစေခဲ့တဲ့ အတွက် ပီတိဖြစ်နေတဲ့ သရုပ်ဆောင် ချောရတနာ

သရုပ်ဆောင် ချောရတနာကတော့ နာမည်လေးနဲ့လိုက်အောင်ကို ချောမောလှပသူ ဖြစ်ပြီး အသက်လေးဆယ်ကျော် အရွယ်မှာတောင် လူငယ်လေးတစ်ယောက်လို လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ ချောရတနာဟာ လက်ရှိမှာလည်း

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက် ရှိပြီး တစ်ဖက်မှာလည်း အွန်လိုင်း Live Sale တွေရောင်းချပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချောရတနာက သူမရဲ့ပိုစ့်လေးတစ်ခုကြောင့် မွေးရာပါနှုတ်ခမ်းကွဲ

သမီးလေးရဲ့ ခွဲစိတ်မှုကို အထောက်အကူပြုစေခဲ့တဲ့ အတွက် ပီတိဖြစ်နေတာကို တွေ့ရပါတယ်။ ချောရတနာက သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ The Clinic De Novo Luxury Plastic Surgery Center ရဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ သားသား

မီးမီးလေးများ အတွက် အခမဲ့ခွဲစိတ်ပေးနေသည် ဆိုတဲ့ ပိုစ့်လေးကို Share ခဲ့တာပဲဖြစ်ပါတယ်။ ချောရတနာရဲ့ Post ကိုတွေ့ရှိပြီး “Make Your Smile with De Novo” Campaign မှာ (၂) နှစ်နှင့် (၁၀) လအရွယ် သမီးလေးတစ်ယောက်က

ရွေးချယ်ခံခဲ့ရကာ အခမဲ့ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ချောရတနာက “ကိုယ် Share တဲ့ Post တွေ့ပြီး ခွဲစိတ်ဖြစ်တာဆိုလို့ ပီတိ 😇😁😍” ဆိုပြီး သူမရဲ့ ပီတိအပျော်တွေကို မျှဝေ လာခဲ့ပါတယ်။ ချောရတနာကတော့ သူမရဲ့

ပိုစ့်လေးတစ်ခုကြောင့် အားနည်းချက်တစ်ခုဖြစ်နေတဲ့ သမီးလေးတစ်ယောက်အတွက် အများကြီး အထောက်အကူပြုပြီး တစ်ဘဝလုံး ပြောင်းလဲလှပစေခဲ့တာပဲ ဖြစ်ပါတယ်။ ချောရတနာလိုပဲ ပရိသတ်ကြီးလည်း သမီးလေးရဲ့ပြောင်းလဲမှုပုံရိပ်လေးကို ကြည့်ပြီး ပီတိဖြစ်နေမယ်လို့ ထင်ပါတယ်နော်။