သူမရဲ့ စီးပွားရေးအလုပ်တွေမှာ နာမည်လိုက်ဖျက်နေတဲ့ လူတစ်စုရှိလို့ နောက်ဆုံးအရွယ်ရောက်နေပြီ ဖြစ်လို့ သေတဲ့ထိ ဒုက္ခမပေးဖို့ ပြောလာတဲ့ ထက်ထက်မိုးဦး

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် ထက်ထက်မိုးဦးက တစ်ကိုယ်လုံးလည်း ခွဲစိပ်ထားတယ်၊ မိသားစုလည်း မရှိပါဘူး၊ ဘာလို့ လာတိုက်ခိုက်နေတာလဲ ဆိုပြီး အခုလိုပဲ ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင် ထက်ထက်မိုးဦးက “ဒီအသက် ဒီအရွယ်မှာ ကြိုးစားအလုပ်နေရတာ အလုပ်တစ်ခုရဘို့ လွယ်တယ်မှတ်နေလား… ကိုယ့်အလုပ်ပေါ် တာဝန်​ကြေယုံမကဘဲ စေတနာမေတ္တာတွေနဲ့ လုပ်ပေးခဲ့တယ်… လုပ်နေတယ်..

ကိုယ့်ကို ချစ်တဲ့သူတိုင်း ကိုယ်နဲ့ အလုပ်လုပ်ဖူးသူတိုင်း သိပါတယ်… လူ့ဘဝမှာ အောင်မြင်ဖို့ရယ် အောင်မြင်ပြီး နှစ်ပေါင်းများစွာ ရပ်တည်နိုင်ဘို့ကို ကျမ ဘယ်လောက်ထိ သည်းခံရလဲ.. ဘယ်လောက်ထိမောရလဲ…

လူတွေ မမြင်အောင် မသိအောင် မျက်ရည်ခိုးသုတ်နေရလဲ.. ကျမပဲ သိတယ်.. လျှောက်လှမ်းလာခဲ့တဲ့ ကျမဘဝ ဘယ်အချိန် အေးချမ်းသာယာခဲ့လို့လဲ… ငယ်ငယ်ကလဲ မိဘနဲ့ မနေရလို့ ဆင်းရဲလို့ အရွယ်နဲ့မမျှအောင် ကျမဘဝ

ရုန်းကန်ပျက်စီးခဲ့ရတယ်.. ပိုက်ဆံ မရရအောင် ရှာမယ် ဆိုပြီး နှလုံးရောဂါနဲ့ သေမတတ်မောလဲ မေ့ထားပြီး အောင်မြင်အောင် ကြိုးစားခဲ့တယ်.. အောင်မြင်လာတော့လဲ ကျမ ဘဝပျက်ခဲ့ရတာ အကြိမ်ကြိမ်.. ဒါကို ချစ်တဲ့သူတွေက

စာနာနားလည်ပေးကြတယ်.. တချို့က သားသမီးခြင်း ကိုယ်ချင်းမစာ မှိုချိုးမြစ်ချိုး ပြောကြတယ်… ထားပါတော့ ဒါကလဲ ကျမဘဝနဲ့ ကျမကံတရားပါပဲ.. ပညာမတတ် မိဘနဲ့အတူမနေရတဲ့ တစ်ကောင်ကြွက်က ဘယ်သူက

နည်းမှန်လမ်းမှန်နဲ့ ဘဝကို ဖြောင့်ဖြူးမလဲဆိုတာ.. ကျမ မှားမှားမှန်မှန် ဘာပြဿနာဖြစ်ဖြစ် ထားလိုက်ပါလေ ဆိုပြီး သည်းခံရင်းနဲ့ ကျမသာလျှင် အမှား၊ အဆိုး ထင်ခဲ့ကြတာ.. ဒါပေမယ့် ကျမခံစားချက်တွေ ပြောမနေပါဘူး…

အခု အသက်ကြီးလာတော့ ပိုပြီးမပြောချင်ဘူး.. ဘဝအတွေ့အကြုံရ ဖြတ်သန်းလာရတာ မောနေပြီ… အတိုချုံးပြောရရင် တစ်ကိုယ်လုံးလဲ ခွဲစိတ်ထားရတာ… မကျန်းမာဘူး အားတင်းပြီး အလုပ်လုပ်နေတာ… ကျမ ဘယ်သူ့ကိုမှ

ဒုက္ခပေးနေတာ မဟုတ်ဖူး… ကျမကို လိုက်နံမည်ဖျက်နေတဲ့ လူတသိုက် ရှိနေတယ်… ကျမက လိမ်ရောင်းရအောင် လူတွေက နားမလည်ရှာဘူးကိုး… ကျမက အချိန်ပိုင်းနဲ့ လွှင့်ရောင်းပေးတာပဲ ရှိတာပဲ… ကျမက ဘာတွေဘယ်လို

လိမ်ရောင်းရမှာလဲ စိတ်ညစ်ပါတယ်… ကျမ ငယ်တဲ့အရွယ်ကလဲ ရသမျှပိုက်ဆံ ကျောင်းတွေ ဆောက်လုပ်လှူတန်းခဲ့တာ… ဘုန်းကြီးကျောင်းတွေကော အထက်တန်းကျောင်း၊ စာသင်ကျောင်းတွေ လှူခဲ့တာ သိကြမှာပါ…

ကျမမှာ အဲ့လို ယုတ်မာတတ်တဲ့စိတ် ရှိမရှိ အားလုံးသိကြပါတယ်.. ကျမအသက်ကြီးပြီ ကျန်းမာရေးမကောင်းရတဲ့အထဲ တစ်ယောက်ထဲ အေးဆေးနေနေတာ.. ရရာအလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစားလုပ်ကိုင် စားသောက်နေရတာ…

ကျမ ထမင်းအိုးကို လိုက်ပြီးဘာလို့ လိုက်ရန်ရှာနေရတာလဲ.. ကျမ သေပေးရမှာလား ပြော… တစ်သက်လုံး စိတ်မချမ်းသာလာခဲ့ရတာ… ကျမရဲ့ နောက်ဆုံးအရွယ်မှာတော့ ကျမကို လိုက်ပြီး သေတဲ့ထိ ဒုက္ခမပေးကြပါနဲ့တော့… ကျမ အရမ်းစိတ်ညစ်တယ်…” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။