အဆိုတော်ကြီး ဖြူသီရဲ့ သမီးဖြစ်သူ မို့မို့ဟာလည်း မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို အပြည့်အဝ ဆက်ခံရရှိထားပြီး အောင်မြင်တဲ့အဆိုတော်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။
အသံအေးအေး ကြည်ကြည်လေးနဲ့ သီချင်းကောင်းတွေကို သီဆိုတတ်တဲ့မို့မို့ရဲ့ သီချင်းတွေဟာ ဘယ်တော့မှ ဟောင်းနွမ်းရိုးအီသွားခြင်း မရှိပဲ ပရိတ်သတ်တွေ အမြဲတမ်း
ကြိုက်နှစ်သက်ရတယ်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ မို့မို့က အနုပညာအလုပ်တွေ လုပ်ကိုင်တာ နည်းပါးသွားခဲ့ပြီ ဆိုပေမယ့် ပရိသတ်တွေနဲ့
အဆက်အသွယ် ပြတ်တောက်သွားခြင်း မရှိအောင်တော့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၂၆) ရက် နေ့ကတော့ မို့မို့ရဲ့ မွေးနေ့လေးဖြစ်ပြီး
မို့မို့က သူမရဲ့မွေးနေ့မှာ အမှတ်တရ ဆုတောင်းပေးကြသူတွေကို ကျေးဇူးတင်စကား ပြောလာပါတယ်။ မို့မို့က “၄၆ နှစ်တောင်ပြည့်ခဲ့ပြီ.. မွေးနေ့ဆုတောင်းပေးကြသောသူများ
အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်နော်… ဆန္ဒနဲ့ဘဝများ ထပ်တူကျကြပါစေ…. စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ… အားလုံးကိုချစ်တယ်…” ဆိုပြီး
သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျေးဇူးတင်စကား ပြောလာခဲ့ပါတယ်။ မို့မို့ကတော့ သူမငယ်စဉ်အရွယ်ကတည်းက ပရိသတ်တွေရှေ့မှာ သီချင်းတွေဆိုခဲ့ရင်း အခုဆိုရင်
အသက် (၄၆) နှစ် ဆိုတဲ့ အရွယ်ကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မို့မို့တစ်ယောက် ဒီထက်မက ပိုမိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment