သူတို့ရဲ့ ဘဝထဲကို ရောက်ရှိလာခဲ့တဲ့ သားသားလေးကို ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးနဲ့ကြိုဆိုလိုက်တဲ့ သရုပ်ဆောင် မင်းသားချော နေတိုးရဲ့ ဗီဒီယို

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နေတိုးကတော့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့တဲ့ ပရိတ်သတ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

နေတိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ဇနီးသည်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို အချိန်ပေး ကုန်ဆုံးနေခဲ့ပါတယ်။ ပရိတ်သတ်တွေ သိရှိပြီးသား

ဖြစ်တဲ့အတိုင်း နေတိုးရဲ့ ဇနီးသည်ကတော့ ပထမဆုံးသားဦးလေးကို ကိုယ်ဝန်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက သူရဲ့ ဇနီးက သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး

သူ့ရဲ့သားလေး လူ့လောကထဲကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ပရိတ်သတ်တွေကို အသိပေးလာခဲ့ပါတယ်။ သားလေးရဲ့ လက်ကလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေး အပါအဝင်

ဇနီးသည်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတစ်ခုဖန်တီးကာ သူ့ရဲ့ Youtube Channel ကနေ မျှဝေဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ

မင်းသားချော နေတိုးကတော့ “Welcome to the world baby boy”ဆိုပြီး သားလေးကို နွေးထွေးစွာနဲ့ကြိုဆို ထားခဲ့ပါသေးတယ်နော်။