ပရိတ်သတ်ကြီးရေ ထက်အောင်ရှိုင်းကတော့ မော်ဒယ်လ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိတ်သတ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၂၄) ရက်
နေ့လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ထက်အောင်ရှိုင်းရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထက်အောင်ရှိုင်းကတော့ ဒီနေ့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အလှူအနေနဲ့ မွန်မြတ်လှတဲ့ ကောင်းမှု
အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထက်အောင်ရှိုင်းကတော့ မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်…
ပေးတဲ့ဆုနဲ့ ပြည့်ရပါစေခင်ဗျာ… ဒီနေ့မွေးနေ့ကို အဓိပ်ပါယျရှိတဲ့ အလှူလေးတွေလုပ်ရင်းပဲ ဖြတ်သန်းဖြစ်မှာပါ .. အားလုံးလဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ… God bless you all…” ဆိုပြီး မွေးနှေ့ဆုတောင်းပေးကြသူတွေကို
ကျေးဇူးတင်ကြောင်းနဲ့ အလှူရဲ့ ကောင်းမှုတွေကို ပရိတ်သတ်တွေလည်း ရရှိစေဖို့ မျှဝေထားခဲ့ပါတယ်။ပရိသတ်ကြီးတွေလည်း ထက်အောင်ရှိုင်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြပါဦးနော်။
Be the first to comment