“သိုက်နန်းရှင် မြနန္ဒာ” ဇာတ်ဝင်ခန်းက အကြိမ်ကြိမ် ကြိုးစားလေ့ကျင့်ခဲ့ရတဲ့ အမှတ်အရဆုံးအခန်းလေးပါလို့ ပြောလာတဲ့ ခွန်းနေကြည်ချို

သရုပ်ဆောင် ခွန်းနေခြည်ချိုကတော့ ကျရာဇာတ်ကားတွေမှာ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ရုပ်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို

အခိုင်အမာ ရရှိထားပါ တယ်နော်။ ခွန်းနေကြည်ချိုဟာ “မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ စတင် နာမည်ရလာခဲ့ပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာလည်း “မိခိုင်” ဆိုတဲ့ ကာရိုက်တာနဲ့

အောင်မြင်မှုရရှိနေသူလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ “ဝိပါက” ဇာတ်လမ်းတွဲမှာ “မိခိုင်” ဆိုတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ကောင်းမွန်လွန်းတဲ့ ခွန်းနေကြည်ချိုဟာ ပြီးခဲ့တဲ့အပိုင်း (၃၂) မှာ “သိုက်နန်းရှင်မြနန္ဒာ” အဖြစ်

ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့တာ ပရိတ်သတ်ကြီးလည်း မြင်တွေ့ရမှာပါ။ ခွန်းနေကြည်ချိုက သူမအတွက် အဆိုပါဇာတ်ဝင်ခန်းဟာ “ဝိပါကဇာတ်လမ်းတွဲထဲမှာ မြတ်နိုးမှုပေါင်းများစွာ၊ လေ့ကျင့်မှုပေါင်းများစွာ၊

ချစ်ခြင်းတရားတွေ များစွာနဲ့သရုပ်ဆောင်ခဲ့ရတဲ့ အမြတ်နိုးဆုံး ဇာတ်ဝင်ခန်းလေးရယ်ပါ… အာရုံတွေမလွင့်ဖို့ ခေါင်းတစ်ခုလုံးထုံကျဉ်နေအောင် စိတ်ကိုထည့်ပြီး သရုပ်ဆောင်ခဲ့ရတယ်..” ဆိုပြီး အမှတ်တရ ပြောပြလာခဲ့ပါတယ်။

ခွန်းနေကြည်ချိုကတော့ “မိခိုင်” အဖြစ် ပိုမိုအောင်မြင်လာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက် လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးလည်း ခွန်းနေကြည်ချိုရဲ့ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းကို အားပေး ဝန်းရံပေးကြပါဦး လို့ တောင်းဆိုပါရစေနော်။