သားချောလေး Rio ရဲ့ ပုံလေးတွေကို သတိရနေကြတဲ့ ပရိတ်သတ်ကြီးအတွက် အလွမ်းပြေ တင်ပေးလာတဲ့ မေမေ စုစုဝေ

ဂျာမနီနိုင်ငံသား အဆိုတော် Mikis ဟာဆိုရင် တိုင်းတပါးသား ဖြစ်ပေမယ့် မြန်မာပြည်ကို ချစ်ပြီး မြန်မာပြည်က အချောအလှလေး စုစုဝေနဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။

Mikis က ဂျာမနီနိုင်ငံသား ဖြစ်တာကြောင့် ဇနီးသည် စုစုဝေက ခင်ပွန်းဖြစ်သူနဲ့ လိုက်ပြီး လက်ရှိမှာ ဂျာမနီနိုင်ငံမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက လက်ရှိမှာ Rio လို့ခေါ်တဲ့

သားဉီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ သားသားလေး Rio ကိုလည်း နှစ်ဉီးနှစ်ဖက် အဘိုးအဘွားတွေသာမက ပရိတ်သတ်တွေများစွာကပါ ချစ်ခင်ကြပါတယ်။

မကြာသေးမီက မေမေ စုစုဝေက Rio လေး အရွယ်ရောက် ကြီးပြင်းလာတဲ့ ပုံရိပ်လေးကို အချိန်အတော်ကြာ လွမ်းနေကြတဲ့ ပရိတ်သတ်တွေအတွက် အလွမ်းပြေလေး

တင်ပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ Rio လေးက ဝဝ ကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်းနေပြီး အရပ်လေးလည်း တော်တော် ရှည်လာတာကို တွေ့ရပါတယ်။

Rio လေးက လက်ရှိမှာ (၆) လသားအရွယ် ရှိနေပြီဖြစ်ပြီး ကိုယ်အလေးချိန်က 9 kg လို့ မေမေ စုစုဝေက ပြောပြခဲ့လို့ သိရပါတယ်နော်။