တစ်ခေတ်တစ်ခါက ပရိတ်သတ်တွေ အကြိုက် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မျိုးစန္ဒီကျော်ကတော့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
မျိုးစန္ဒီကျော်ဟာ ပထမအိမ်ထောင် ဖြိုးကျော်ကျော်မြတ်နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ သမီးလေး အိမ်စည်မြင့်မိုရ်ကျော်ကို ဖြိုးကျော်ကျော်မြတ်နဲ့ တစ်ယောက်တစ်လှည့်စီ
စောင့်ရှောက်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၉) ရက်နေ့ကတော့ အိမ်စည်မြင့်မိုရ်ကျော်ရဲ့ (၈) နှစ်ပြည့် မွေးနေ့လေး ဖြစ်ပြီး မျိုးစန္ဒီကျော်ကလည်း
သမီးလေးကြိုက်တဲ့ BlackPink ကိတ်လေးနဲ့ နေအိမ်မှာ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့သလို ဖြိုးကျော်ကျော်မြတ်ကလည်း သမီးလေးအကြိုက် ပန်းရောင် Cupcake လေးတွေနဲ့
သမီးလေးရဲ့ ကျောင်းမှာ မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်နဲ့ ဖြိုးကျော်ကျော်မြတ်တို့ကတော့ ကွာရှင်းပြီးသား ဖြစ်ပေမယ့် သမီးလေးအတွက် ဆိုရင်
မိတ်ဆွေကောင်းတွေ အဖြစ် ဆက်လက်ရှိနေကြပြီး သမီးလေးတစ်ယောက်တည်း မျက်နှာကိုသာ ကြည့်တတ်ကြတဲ့ မိဘကောင်းတွေပဲ ဖြစ်ပါတယ်နော်။