သမီးဖြစ်သူရဲ့ သိတတ်လိမ္မာ အလိုက်သိမှုကြောင့် ဝမ်းသာပီတိ ဖြစ်နေရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ အဆိုတော် မေခလာ

ပရိတ်သတ်ကြီးရေ မေခလာကတော့ အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေတဲ့ ပရိတ်သတ်အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ “ချစ်ငယ်” လို့ ပရိတ်သတ်တွေက ချစ်စနိုးနဲ့

ခေါ်ကြပြီး ထိပ်တန်းအဆိုတော် တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တဲ့သူပါ။ ချစ်ငယ်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဝမ်းသာပီတိဖြစ်နေရတဲ့အကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ အကြောင်းကတော့ ချစ်ငယ်ရဲ့

သမီးလေးက မေမေချစ်ငယ်ရဲ့ ဖုန်းလေးက ဟောင်းနေပြီဖြစ်တာကြောင့် မိခင်ဖြစ်သူအတွက် သူ့ရဲ့လစာတွေထဲကနေ နောက်ဆုံးပေါ် ဖုန်းလေးဝယ်ပေးခဲ့တာ ဖြစ်ပြီး ချစ်ငယ်ကတော့ သမီးလေးရဲ့ သိတတ်မှုအပေါ်မှာ ကျေနပ်ပီတိ

ဖြစ်နေခဲ့ပါတယ်နော်။ “မေမေရေ မေမေကိုင်ထားတဲ့ဖုန်းလေးက အရမ်းဟောင်းသွားပြီ… 7+ သမီးအမေ့ကိုဝယ်ပေးမယ်နော်.. ဆိုပြီး သူ့လစာ တလလုံးထက်မက ပေးရတဲ့ နောက်ဆုံး l Phone 14 pro max လေး ပို့ပေးလိုက်တယ်…

သမီး လက်ထဲမှာ ပိုက်ဆံဘယ်ရှိတော့မလဲ… အမေ မယူရက်ပါဘူး… အမေ နောက်ဆုံးပေါ်တွေလဲ မလိုဘူး.. ဖုန်းဆက်လို့ရရင် တော်ပြီ… မဟုတ်ပါဘူး အမေရယ်.. သမီးဘဝမှာ ပထမဆုံး အမေ့ကို လက်ဆောင်ပေးဖူးတာပါတဲ့…

အမေ့သမီးလေး ကျန်းမာချမ်းသာပါစေ… ဆုတောင်းနေပေမဲ့ ခလေးလက်ထဲမှာ ငွေမှရှိပါ့မလား.. သူအဆင်ပြေပါ့မလား..” ဆိုပြီး ဝမ်းသာပီတိ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သားသမီးတွေရဲ့ သိတတ်လိမ္မာမှုက မိဘတိုင်း ဝမ်းသာပီတိ ဖြစ်ရတာပါပဲနော်။

Be the first to comment

Leave a comment

Your email address will not be published.


*