“သမီးဆိုး” ဇာတ်လမ်းတွဲမှာ ချစ်သူကို တန်ဖိုးထားတဲ့ စီးပွါးရေးလုပ်ငန်းရှင် ကောင်လေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ တိုင်ရွန်

ဒါရိုက်တာ မယ်မင်းဘုံ ရိုက်ကူးပြီး “မဟာ” ရုပ်သံလိုင်းနဲ့ “မဟာ” မိုဘိုင်းအပလီကေးရှင်းတို့မှာ ပြသနေတဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကတော့

“ဘုန်းဥာဏ်စင်” ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကာရိုက်တာ ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီး တိုင်ရွန်က “အဓိကက အပြင်က ကျွန်တော့်ပုံစံ ပေါက်မနေအောင်

အကောင်းဆုံး ကြိုးစားရတယ်.. ဘုန်းဉာဏ်စင် ကာရိုက်တာက နဲနဲအေးတယ်.. ကိုယ့်ချစ်သူကို တန်ဖိုးထားတယ်၊ နူးညံ့တယ် ဆိုတဲ့ ပုံစံမျိုး… တစ်ခုခုဆို စိတ်ခံစားချက်လွယ်တယ်

ဆိုတဲ့ ကောင်လေးနေရာက ခံစားပြီး သရုပ်ဆောင်ထားတယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။ “သမီးဆိုး” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားကြတဲ့

သရုပ်ဆောင်တွေ အနေနဲ့ကတော့ တိုင်ရွန်၊ အေးချမ်းမောင်၊ ညီနန္ဒ၊ ထက်ထက်ထွန်း၊ ရတနာဗိုလ်နဲ့ မျိုးစန္ဒီကျော်တို့က ပါဝင်ထားကြပါတယ်နော်။