သရုပ်ဆောင် အေးချမ်းမောင်ကတော့ အကောင်းဆုံး သရုပ်ဆောင်ချက်များနဲ့ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်များရဲ့
တခဲနက် အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် အေးချမ်းမောင်က “သမီးဆိုး” ဇာတ်လမ်းတွဲထဲက “ဇော်ဇော်” လို
အပြင်မှာလည်း အချစ်ကြီးတဲ့အကြောင်းကို အခုလို ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင် အေးချမ်းမောင်က “ကျနော်က အပြင်မှာလဲ အချစ်ကြီးတယ်… ဒါပေမယ့် အရမ်းတော့
မဆိုးဘူးပေါ့… သူ့နေရာနဲ့သူ အဆင်ပြေအောင်တော့နေတယ်… သမီးဆိုးထဲက ဦးဇော်ဇော် အချစ်ကြီးတာက အပြင်က အေးချမ်းမောင်နဲ့ တူပါတယ်… ရွှေပုံလို မိန်းကလေးမျိုး
အပြင်မှာတော့ မတွေ့ဖူးသေးဘူး… ဆိုရှယ်မီဒီယာက သိပ်မသုံးဖြစ်ဘူး.. တစ်လနေလို့ ပုံတစ်ပုံတောင် မတင်ဖြစ်ဘူး….” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။