သည်းညည်း ခံနိုင်မှုစကေး ကုဋေကုဋာနဲ့ ချစ်စဖွယ် ဟန်လေးနဲ့ပဲ တုံ့ပြန်ခဲ့လို့ လူပြောများခဲ့တဲ့အကြောင်းလေး ဖြစ်ခဲ့ရတဲ့ ဒါဝိကာ

မျောက်ကလေး ဒါဝိကာရဲ့ အကြောင်းတွေက ပြောမကုန်ပါဘူးနော်။ အခုတစ်ခါမှာလဲ သူ့ရဲ့ ဖြစ်ရပ်တစ်ခုက ပရိတ်သတ်များကြား အပြောများ နေရပြန်ပါပြီ။ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ သူမရဲ့ မျက်ခုံးလေးက ဒါဝိရဲ့ အမှတ်အသားတစ်ခုရယ်ပါ။ ရှည်လျားတဲ့ မျက်ခုံးက

ဆွဲဆောင်မှု အပြည့်နဲ့ပါနော်။ ထိပ်တန်းမင်းသမီး တစ်လတ်ဖြစ်တာမို့ မြန်မာပရိတ်သတ်နဲ့ လုံးဝ မစိမ်းပါဘူး။ ဒါနဲ့ ပရိတ်သတ် အကြိုက်ဆုံးက ဘယ်ဒရာမာလဲ ဒါဝိကို ချစ်တဲ့သူတွေ သိတယ်မဟုတ်လား။ (၅) နှစ်တာ Rs သက်တမ်းရှိတဲ့ ချစ်သူလဲ ရှိပါတယ်။ သူမကို သိပ်ချစ်ပြီး

အလိုလိုက်တဲ့ သူပါနော်။ သူမရဲ့ Misstar Cafe ဆိုင်လေးကလဲ လှပပြီး လူ ကြိုက်များပါတယ်။ ဆိုင်လေးကို ခရစ္စမတ်စတိုင် ပြင်ဆင်ထားတာကလဲ တကယ့်ကို အလန်းဇယား ပါပဲနော်။ ပြီးခဲ့တဲ့ရက်ပိုင်းက The Avatar Event ပွဲကို ဒါဝိလေးက အပြာရောင်ဖက်ရှင်နဲ့ လှပ ကြော့ရှင်းစွာ

တက်ရောက်ခဲ့ပါတယ်။ သူမရဲ့ သည်းခံနိုင်မှုက ဒီပွဲမှာ ဖြစ်ခဲ့တာပါ။ သူမရဲ့ တုံ့ပြန်မှု အမူအရာက လူပြောများပြီး ချစ်စရာ ဖြစ်သွားခဲ့တာပါ။ Group photo ရိုက်တော့ သူမရဲ့နောက် ကပ်လျက်မှာရှိတဲ့ ချီထားတဲ့ ကလေးလေးက ဓာတ်ပုံရိုက်တဲ့အချိန်နဲ့ အချိန်ကိုက် ဆွဲဆိတ်လိုက်တာပါ။

အားနဲ့ ဆွဲဆိတ်လိုက်တာ ဆိုတော့ နူးညံ့နေတဲ့ ဒါဝိလေး အတော်နာမှာပါ။ ကိုယ်သာဆို လက်နဲ့ ဆက်ဆို တုံ့ပြန်မိမယ်။ ဒါမှ မဟုတ် တွန့်ခနဲ ဟန်ပျက်သွားမှာ အသေအချာပါ။ ဒါပေမဲ့ ဒါဝိလေးကတော့ အပြုံးမပျက်နဲ့ ဓာတ်ပုံ အရိုက်ခံခဲ့တာပါ။ ဒါကို ပရိတ်သတ်က အတော်လေး

သဘောကျသလို စနောက်ခဲ့ကြပါတယ်။ သူမရဲ့ သူငယ်ချင်းကတောင် အဲ့ဒိအမူအရာလေးကို ချစ်ပြီး video ရိုက် စနောက်ထားပါတယ်။ ဒါဝိတို့များ သွားတဲ့နေရာတိုင်း တစ်ခုမဟုတ် တစ်ခု ပြောစမှတ်တွင်လိုက်ရမှ ပါပဲနော်။