သက်မွန်မြင့် ဆိုတာနဲ့ ပရိတ်သတ်တွေ ချစ်ရတဲ့နိုင်ငံကျော် မင်းသမီးတစ်ယောက်ပါ။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ အပါအဝင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။
ပရိတ်သတ်အချစ်တွေ အပြည့်ကိုလည်း ရရှိထားတာပါ။ အရင်က ပရိသတ်တွေနဲ့ အမြဲရှိပေမယ့် ခုခေတ်ကာလ အခြေအနေတွေကြောင့် ဝေးနေခဲ့တာပါ။
အနုပညာအလုပ်တွေလည်း နားထား ဖြစ်ပါတယ်။ အခုမှာတော့ သူမရဲ့ လူမှုကွန်ရက်ကနေ အနုပညာအလုပ်တွေကနေ မနားချင်ပဲ နားရတော့မယ် ဆိုတဲ့အကြောင်း
ပြောပြီးတဲ့နောက် ဟန်ငြိမ်းဦးက တယ်လီဂရမ်မှာ ဖွလိုက်တာကြောင့် စိတ်ပူနေရပါတယ်။ အရင် post အဟောင်းတွေနဲ့ NUG ကို ထောက်ခံတယ်၊ ထောက်ပံတယ် ဆိုပြီး
တယ်လီဂရမ်မှာ တင်ထားပါတယ်နော်။ ချစ်သက်ကို စိတ်ပူနေကြတဲ့ ပရိတ်သတ်ကြီးက အမြန်ဆုံးရှောင်နေဖို့ သတိပေးထားပါတယ်နော်။ ချစ်သက်တစ်ယောက် ဘေးအန္တရာယ်ကင်းဝေးပြီး
ချစ်ရတဲ့မိသားစုနဲ့ မကွဲမကွာ နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment