“ဝိပါက” ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားတဲ့နောက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလာတဲ့ သုတအောင်ရဲ့ ကျေးဇူးတင်လွှာ…

“ဝိပါက” ဇာတ်လမ်းတွဲလေး ပီးသွားပါပီ ခင်ဗျာ… ပထမဦးစွာ မွေးကျေးဇူးရှင် အဖေနဲ့အမေကို သား ကန်တော့ပါတယ် ခင်ဗျာ…..🙏🙏🙏

ဝိပါကဇာတ်လမ်းလေးမှာ ပါဝင်သရုပ်ဆောင်ခွင့် ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ကျေးဇူးရှင်မိဘ ဖြစ်တဲ့ ဆရာဦးဝင်းမော်(CEO) + အန်တီလေး …..🙏🙏🙏 MRTV-4 (forever group Co.,Ltd.) ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ…..🙏🙏🙏

“တေဇာ” ဖြစ်လာအောင် ကြိုးစားခွင့်ပြုခဲ့တဲ့ Talent Center မှ အကြီးအကဲဖြစ်သော ကျေးဇူးရှင် ချစ်သောအစ်မ မေသူစိုး ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…..🙏🙏🙏

“ဝိပါက” ဇာတ်လမ်းတွဲမှာ “တေဇာ” ဆိုတဲ့ ကာရိုက်တာကြီးကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့သော အခွင့်အရေးပေးခဲ့သော စွန့်စားခွင့်ပေးခဲ့သော Myanmar Magic Media မှ ကျေးဇူးရှင် ချစ်သောဆရာ ဦးမောင်သီ နှင့်တကွ တာဝန်ရှိသူအားလုံး ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…..🙏🙏🙏

“ဝိပါက” ဇာတ်လမ်းတွဲကို “တေဇာ” နေရာမှာ ရိုက်ခွင့်ရအောင် အာမခံပီး သားအရင်းလို ညီအရင်းလို အခွင့်ရေးရအောင် အာမခံပေးခဲ့သော ဇာတ်လမ်းတွဲမှာလည်း လိုအပ်သော သရုပ်ဆောင်ပညာများကို လိုအပ်သလို ပညာသင်ပေးခဲ့သော ကျေးဇူးရှင် ချစ်သော
အစ်ကိုအဖေ အစ်ကို ထူးခန့်ကျော်ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…..🙏🙏🙏

တေဇာဇာတ်ကောင် စရိုက်နှစ်မျိုးကို ပို၍ပေါ်လွင်အောင် ရှိသောပညာများကို တပည့်အား သင်ပြပေးခဲ့သော ကျေးဇူးရှင် ဒါရိုက်တာဆရာ ဦးဟိန်းစိုး ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…..🙏🙏🙏

“ဝိပါက” ဇာတ်လမ်းတွဲတွင် ပါဝင်သော လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင် ညီအစ်ကိုမောင်နှစ်မအားလုံး ညီမလေး သဲအိစံ TC ကင်မရာဆရာများ၊ စက်အဖွဲ့ဆရာများအားလုံး၊ Lighting ဆရာများ၊ Editor အစ်ကိုအစ်မများနှင့် ဇာတ်ညွန်းမှ အစ်ကိုအစ်မများ၊ Designer ဧပရယ်, အစော နောက်ထပ် တာဝန်ရှိသူအားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…..🙏🙏🙏

“တေဇာ” ဆိုတဲ့ ဇာတ်ကောင်လေးကို စောင့်မျှော်ကြည့်ရှု အားပေးကြသော ချစ်ပေးကြသော ကျွန်တော့်ရဲ့ ထမင်းရှင်အားလုံး နှင့် ကျွန်တော့် We Love လေးတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ခုနှစ်ရက် သားသမီးအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများပြည့်စုံပီး ကောင်းကျိုး လိုအင်ဆန္ဒများ တစ်လုံးတစ်ဝနဲ့ ပြည့်စုံကြပါလို့ ကျွန်တော် တေဇာမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ…..🙏🙏🙏