ပရိသတ်ကြီးရေ သရုပ်ဆောင် ကျော်ဇောဟိန်းကတော့ တစ်ချိန်က တော်လှန်ရေးဇာတ်ကားတွေနဲ့ ရာဇဝင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို
ရရှိထားတာလည်း ဖြစ်ပါတယ်။ သရပ်ဆောင် ကျော်ဇောဟိန်းကတော့ အနုပညာအလုပ်တွေ ရပ်နားထားတာကြာပြီ ဖြစ်ပြီး လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာတော့
ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ အိုက်တင်တွေကြောင့် အားပေးမှုရရှိနေတာလည်း ဖြစ်ပါတယ်။ ကျော်ဇောဟိန်းက “ဝိပါက” ဇာတ်လမ်းတွဲမှာ “ဦးကျော်ဇော” ကာရိုက်တာနဲ့
ပါဝင် သရုပ်ဆောင်ထားပါတယ်။ “အနုပညာအလုပ်တွေ မလုပ်ပဲနေနေတာ တော်တော်လေး ကြာပါပြီ… ဒီဇာတ်လမ်းတွဲလေးက ပထမဦးဆုံး ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ…
ဒီဇာတ်လမ်းတွဲလေးမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတယ်… ပရိတ်သတ်ကြီးတွေကတော့ ကျော်ဇောဟိန်းကို မြင်တာနဲ့ မုန်းမှာမဟုတ်ပါဘူး ချစ်နေမှာပါ…”ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်နော်။