ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ကောင်းမြတ်စံ ကတော့ ဇာတ်လမ်းတွဲတွေကနေ လူသိများလာပြီး အနုပညာပါရမီ အပြည့်ပါတာမလို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို
ရရှိထားတာလည်း ဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ သရုပ်ဆောင်ကောင်းရုံသာမက ရုပ်ရည်ကလည်း ချောမောလွန်းတာကြောင့် မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း
ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “101% ချစ်ခြင်း” ဇာတ်လမ်းတွဲမှာလည်း “ရွှေသွေး” ဆိုတဲ့ ကာရိုက်တာနဲ့ ပရိတ်သတ်အားပေးမှုကို
ရရှိခဲ့တဲ့ ကောင်းမြတ်စံဟာ အဆိုပါ ဇာတ်ကားထဲမှာ ပရိတ်သတ်တွေ မမြင်ဖူးသေးတဲ့ သူ့ရဲ့ပုံစံသစ်ကို မြင်တွေ့ခွင့်ရမှာပဲ ဖြစ်ပါတယ်။ ကောင်းမြတ်စံက “101% ချစ်ခြင်း” ဇာတ်လမ်းတွဲမှာ
မိန်းကလေးတစ်ယောက်လို ဟန်ဆောင်တဲ့ဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်ခဲ့ရကာ အဆိုပါ ဇာတ်ဝင်ခန်းမှာ တကယ့်မိန်းကလေးတစ်ယောက်လို လှပနေတာကို အံ့သြဖွယ်ရာ တွေ့ရပါတယ်။
ကောင်းမြတ်စံကတော့ အရင်ကတည်းက မျက်နှာလေးက နုနုဖတ်ဖတ်လေးမို့ မိန်းကလေးတစ်ယောက်လို ပြင်ဆင်လိုက်ချိန်မှာလည်း တကယ့် မိန်းကလေးအစစ်နဲ့ ခွဲမရနိုင်အောင် လှပလွန်းနေတာပဲ ဖြစ်ပါတယ်။