လွန်လေပြီးတဲ့ အနှစ်နှစ်ဆယ်ကျော်က အသက် (၁၇) နှစ် အရွယ် ငယ်ဘဝ အမှတ်တရ ပုံဟောင်းလေးတွေကို ပြသလာခဲ့တဲ့ ကျော်ထက်အောင်

တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင် အပြင် သြဇာရှိတဲ့ အသံကိုပါ ပိုင်ဆိုင်ထားတဲ့ ကျော်ထက်အောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူ အဖြစ်

ဆောင်ရွက်ရင်း လူသိများ ကျော်ကြားလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျော်ထက်အောင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်လာခဲ့ပြီး

ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။ ဒီကနေ့မှာတော့ ကျော်ထက်အောင်က လွန်ခဲ့တဲ့ အနှစ် (၂၀) က သူ့ရဲ့ ဓာတ်ပုံဟောင်းတွေကို

ပရိတ်သတ်တွေဆီ ပြသလာခဲ့ပါတယ်။ ကျော်ထက်အောင်က “(2002) လောက်က ဓါတ်ဆရာနဲ့ တကူးတက ရိုက်ခဲ့ရတဲ့ ပုံတွေပေါ့ဗျာ… ခုချိန် ပြန်ကြည့်တော့ ရယ်စရာလိုလို

လွမ်းစရာလိုလို ကြိုးစားခဲ့တဲ့သက်တမ်းအရ I deserve လို့ဘဲ ပြောပါရစေ…. Thank you myself…” ဆိုပြီး သူ့ရဲ့ ငယ်ဘဝ ပုံရိပ်လေးကို မျှဝေလာခဲ့ပါတယ်။

ကျော်ထက်အောင်ကတော့ လက်ရှိ အသက်အရွယ်မှာလည်း ခန့်ညားတည်ကြည်သလို ဆယ်ကျော်သက်အရွယ်ကတည်း လူငယ်သဘာဝ နုပျိုချောမောနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ကျော်ထက်အောင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။