လွတ်မြောက်နယ်မြေတစ်နေရာမှာ ကလေးတွေကို စာသင်ပေးတဲ့ ကျောင်းဆရာ လုပ်နေတဲ့ အဆိုတော် ထျန်ခေး

“ချစ်လွန်းလို့ပါ” သီချင်းနဲ့ ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ အဆိုတော် တျန်ခေးကိုတော့ အားလုံးပဲ မှတ်မိကြမှာပါပဲနော်။ ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်တဲ့

တျန်ခေးဟာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ အဆိုတော်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရပြီး

တောတွင်းတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလိုတိမ်းရှောင်နေရင်း တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။

အဆိုတော် ထျန်ခေးဟာ ခံဝန်ထိုးပြီးအိမ်ပြန်ဖို့ စိတ်ကူးတောင်မရှိဘူး လို့ သူ့ရဲ့စိတ်ဓာတ်ကို ခပ်ပြတ်ပြတ် ပြောထားပါသေးတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ လွတ်မြောက်နယ်မြေ

တစ်နေရာမှာ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာအဖြစ် နေထိုင်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး “တာဝန်ဆိုတာထက် ဝတ်တရားအနေနဲ့ လုပ်ရမယ့်အရာမို့

တတ်နိုင်တဲ့အပိုင်းကနေ ဆက်ဆက် ပါဝင်နေဦးမှာပါ …. အဆိုတော် တစ်ဖြစ်လဲ ကျောင်းဆရာလေး ပေါ့ဗျာ….” လို့ ထျန်ခေး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားတာကို

ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ တော်လှန်ရေးအတွက် ကျရာနေရာမှာ ပါဝင်နေတဲ့ အဆိုတော် ထျန်ခေးရဲ့ စိတ်ဓာတ်ကတော့ လေးစားဖို့ကောင်းပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*