လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်ဆောက်ရေးလုပ်ငန်း မီး မကြာခဏ ပျက်၍ ရပ်နားထားရ….

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးများတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်ဆောက်နိုင်ရန် စမ်းသပ်လုပ်ဆောင်နေရာ မီး မကြာခဏပျက်နေ၍ အစီအစဥ်ကို ခေတ္တရပ်နားထားရသည်ဟု

နေပြည်တော်ရှိ တည်ဆောက်ရေး ဝန်ထမ်းအချို့ထံမှ သိရသည်။ ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးများပေါ်တွင် လျှပ်စစ်ကားများအတွက် Charging Station ငါးခုကို Pilot Project အဖြစ် ဆောင်ရွက်ရန်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စမ်းသပ်ပြုလုပ်နေရာတွင် မီးပျက်မှုကြောင့် အခုလို ရပ်နားရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။ “အခု ပြဿနာက မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူး မပြောဘဲနဲ့

စစ်တပ်က ဒါဆို ဟုတ်ကဲ့ ဆိုပြီး လုပ်တဲ့ပြဿနာ.. မဖြစ်နိုင်ဘူးလေ.. မီးမှ အချိန်ပြည့်မလာတာ… ဘယ်လိုစမ်းသပ်မလဲ… အားသွင်းမဲ့နေရာတောင် မဆောက်ရသေးဘူးနော်… စမ်းသပ်နေတုန်း အဆင့်မှာတင် အဆင်မပြေဘူး…

မီးမှမလာတာ” ဟု ရှင်းပြသည်။ နေပြည်တော်အမြန်လမ်းတွင် Charging Station တစ်ခုတည်ဆောက်နိုင်ရန် စမ်းသပ်နေသော်လည်း မီးပျက်နေ၍ အလုပ်မလုပ်ရသည့် နေ့ရက်များက ပိုများသည်ဟု

နေ့စားအလုပ်သမားတစ်ဦးက ပြောသည်။ “လုပ်ရမှာ မိုင်တိုင် ၂၀၁ /၂၀၂ စီလမ်းဆုံမှာ.. အဲ့နေရာမှာ ဆောက်မှာ.. အခုက မီးပျက်နေတာနဲ့ စမ်းသပ်ဖို့ အချိန်မရဘူး.. ဒီဘက်မှာ အလုပ်တွင်ကျယ်အောင် အခြားနေရာတွေ မီးဖျက်ပြီး

လုပ်ဖို့ကလည်း စစ်တပ်ကို EPC က ကြောက်နေတယ်..” ဟု ပြောသည်။ စစ်ခေါင်းဆောင်မှ လျှပ်စစ်ကားများ ပြေးဆွဲပြီး အားသွင်းနိုင်ရန် Charging Station တွေကို ဇီးရိုးမိုင်အမှတ်၃လမ်းဆုံ၊

(၁၁၅) မိုင်ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံများမှာ တည်ဆောက်ရန်

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို တာဝန်ပေးခဲ့တာ ဖြစ်သည်။ အဆိုပါ Charging Station များတည်ဆောက်ပြီးပါက  လျှပ်စစ်ကားများတင်သွင်းခွင့်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရရှိထားသည်။

လျှပ်စစ်မီး လုံလောက်မှု့မရှိသည့် အပြင် မီးမကြာခဏပျက်နေသည့် တိုင်းပြည်တွင် လျှပ်စစ်ကားများပြေးဆွဲနိူင်ရန် စစ်ခေါင်းဆောင်၏ စီစဥ်မှုမှာ အရူးအိမ်မက်သာ ဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

Be the first to comment

Leave a comment

Your email address will not be published.


*