လေးစားချစ်ခင်ရတဲ့ စီနီယာ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ရဲ့ ပုံကို ကိုယ်တိုင် ပုံတူပန်းချီ ရေးဆွဲပြီး လက်ဆောင်ပေးဖြစ်ခဲ့တယ် ဆိုတဲ့ မင်းသမီးချောလေး မြတ်နိုးအေး

“ည” “သူစိမ်းအိမ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ချစ်စရာကောင်းတဲ့ တက်သစ်စ မင်းသမီးချောလေး မြတ်နိုးအေးကတော့ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်နိုးအေးဟာ အောင်မြင်စပြုနေတဲ့ အချိန်မှာပဲ

အာဏာသိမ်းမှု ဖြစ်ခဲ့တာကြောင့် မတရားမှုကို တော်လှန်ဖို့ တောထဲမှာခိုလှုံရင်း ရန်ပုံငွေတွေ ရှာဖွေပေးနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ မြတ်နိုးအေးဟာ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး

နှစ်နှစ်တာအတွင်း တော်လှန်ရေးဇာတ်ကားတစ်ကားတည်းကိုသာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။  အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့အချိန်မှာ ပုံတူပန်းချီရေးဆွဲနည်းကို သင်ယူနေတဲ့ မြတ်နိုးအေးဟာ သူမရဲ့ ပထမဦးဆုံးလက်ရာအဖြစ်

ပိုင်ဖြိုးသုနဲ့ ဒေါင်းပုံကို ရေးဆွဲဖြစ်ခဲ့ကြောင်း ပြောလာပါတယ်။ မြတ်နိုးအေးက “My first ever portrait sketches for my beloved onesလက်ဆောင်ပေးချင်လို့ ပုံတူဆွဲနည်း ဆရာမ နုယဉ်ကို အပူကပ်ပြီး

အတင်းသင်ခိုင်းပြီးသကာလ ပထမဆုံး ဆွဲဖြစ်ခဲ့တဲ့ ပုံလေးတွေ (မသုပုံက ပထမဆုံးဆွဲတာ ဆိုတော့ ဆရာမ တော်တော် ပြန်ပြင်ပေးရတာလေးတွေ ရှိတယ်ပေါ့လေ) ဒုတိယ ကိုဒေါင်းပုံကတော့ နည်းနည်း အဆင့်မြင့်သွားတော့

သိပ်မပြင်ပေးရတော့ဘူး..ဟဲဟဲ… ရေဆေးတွေ ကိုယ့်ဘာကို စဆွဲနေကတည်းက ဆွဲတာ အားပေးတယ် ဆိုပြီး ပန်းချီပစ္စည်းတွေပါ လက်ဆောင်ပေးပြီး မြေတောင်မြှောက်ပေးတဲ့ အပြင် နှစ်ရက်သုံးရက်နဲ့ ပုံတူတွေ ထွက်လာအောင်

သင်ပေးနိုင်တဲ့ ဆရာမကို appreciate လုပ်ချင်လွန်းလို့ ပို့စ်လေး လာတင်ပြီး ကြွားရတာပါ” ဆိုပြီး ပြသလာပါတယ်။ မြတ်နိုးအေးကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့် အချိန်ခဏလေးအတွင်းမှာ ပုံတူပန်းချီကားတွေ ရေးဆွဲနိုင်ခဲ့ပြီး

သူမရဲ့ ပထမဦးဆုံးလက်ရာကို လေးစားရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ပုံကို ရွေးချယ်ရေးဆွဲဖြစ်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်နော်။