သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားခဲ့သူလေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ သဘာဝကျတဲ့ ဇာတ်ရုပ်တွေ ပီပြင်တဲ့ သရုပ်ဆောင်ပုံတွေကြောင့်
အကယ်ဒမီဆုတွေကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ အားကျချစ်ခင်နေရပြီး အေးချမ်းတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်ထားနိုင်ပြီး
ချစ်စရာကောင်းလွန်းတဲ့ သားတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ မြင့်မြတ်ရဲ့သားလေး မြတ်သူကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်နေသူတစ်ယောက်ပဲ
ဖြစ်ပါတယ်။ မြင့်မြတ်ဟာ လူမှုကွန်ယက်စာမျက်နှာကို အသုံးမပြုသူ တစ်ယောက်ပီပီ သူ့ရဲ့မိသားစုနဲ့ ပတ်သက်တာရော အလုပ်ကိစ္စတွေနဲ့ ပတ်သက်တာရော တင်လေ့မရှိပေမယ့် သူ့ရဲ့မန်နေဂျာကတော့ မြင့်မြတ်ရဲ့သားလေး
မြတ်သူရဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ မြင့်မြတ်ရဲ့မန်နေဂျာ တင်ထားတဲ့ လက်ရှိဓာတ်ပုံမှာတော့ မြတ်သူလေးဟာ ကျောပိုးအိတ်လေးနဲ့ ကျောင်းသားလေးတစ်ယောက် ဖြစ်နေပြီ ဖြစ်တာကို တွေ့ရပါတယ်။
မြင့်မြတ်ရဲ့သားကြီး မြတ်သူဟာလည်း ကျောင်းတက်တဲ့ အရွယ်လေးကို ရောက်နေပြီ ဖြစ်သလို သမီးငယ်လေးဟာလည်း တစ်နှစ်ကျော်အရွယ်ရောက်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း မြင့်မြတ်ရဲ့ ဇာတ်ကားတွေကို
အရင်လို ပြန်ကြည့်ချင်နေပြီး မြင့်မြတ်ကို သတိရနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment