လာမယ့် နိုဝင်ဘာ (၄) ရက်နေ့မှာ ရုံတင်မယ့် “ရည်းစားရွေးနည်း” ရုပ်ရှင်ကားကို ဘယ်အချိန်မှာ ရိုက်တာလဲ ဆိုပြီး ဝေဖန်နေတဲ့ ပရိတ်သတ်ကြီးအား ပြန်လည်ဖြေရှင်းလာတဲ့ ဖွေးဖွေး

အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ တစ်နိုင်ငံလုံးက ပရိတ်သတ်တွေချစ်ရတဲ့ အကယ်ဒမီ သုံးဆုတိတိကို ဆွတ်ခူးပိုင်ဆိုင်ထားနိုင်ရုံသာမက နိုင်ငံရပ်ခြားက ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း

ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဖွေးဖွေးက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရား ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး သူမတိမ်းရှောင်နေစဉ် အချိန်အတွင်းမှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့်

တော်တော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးက ရုံတင်ပြသဖို့ရှိနေတဲ့ “ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို အခုလို ဖြေရှင်းလာတာကို

တွေ့ရပါတယ်။ “ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားဟာ လာမယ့် နိုဝင်ဘာလ (၄) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Trailer ဗီဒီယိုဟာ ပျံ့နှံ့နေကာ အဆိုပါ ဇာတ်ကားကို အာဏာသိမ်းပြီးနောက်ပိုင်းမှ

ရိုက်ကူးတာလား ဆိုပြီး ပရိတ်သတ်တွေက ဝေဖန်နေကာ ဖွေးဖွေးက “လွန်ခဲ့တဲ့ ၃-၄ နှစ်က အရမ်းးးးပျော်ပြီး ရိုက်ထားတဲ့ကား လေး… နောက်ထပ်ရုံတင်ဖို့လဲ ရိုက်ထားတာ 2020 က ၂ ကားလောက်ပဲ ကျန်တော့တယ်။

နောက်အသစ် ရိုက်ထားတာတော့ ဒီ ၂ နှစ်အတွင်းမရှိတော့ဘူး။ ကြည့်ချင်လဲ ကြည့်ကြ မကြည့်ချင်လဲ မကြည့်ကြနဲ့ (လေသံဖျော့ဖျော့နှင့်ဖတ်ရန်)” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့

“ရည်းစားရွေးနည်း” ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့ ပရိတ်သတ်တွေကို အဆိုပါ ဇာတ်ကားက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ရိုက်ကူးထားတာဖြစ်ပြီး

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဇာတ်ကားသစ်တွေ မရိုက်ကူးဖြစ်တော့ဘူး ဆိုတဲ့အကြောင်းကိုလည်း ပွင့်လင်းစွာပြောလာတာပဲ ဖြစ်ပါတယ်။