လမ်းဘေးမှာ ဘဝပျက်ပြီး တောင်းစားနေရတဲ့ A4 ကျော်စွာနဲ့ ပတ်သက်ပြီး သူ့အား အပြစ်လာတင်နေသူများကို “ဒဲ့” ရှင်းလာတဲ့ ယုန်လေး

“A4 ကျော်စွာ အကြောင်း လာလာ ပြကျလို့ တကယ် စိတ်မကောင်းပါဘူး… အဆက်သွယ်လုပ်လို့ ရတဲ့ ကိုမိုးမာန်နဲ့ ချိတ်ဆက်မိပါပြီ… ဒုက္ခ ရောက်နေတဲ့ လူကိုတော့ အပြစ်တွေ

ထပ်မပြောချင်တော့ဘူး… Min Z ဘာလို့ ဒုက္ခမရောက်ပဲ အနုပညာသမား အဖြစ် အခု ဆက်ပြီး ရပ်တည်လို့ရလဲ…. ထားပါ.. ကူညီခဲ့တာ အများကြီးပါ…. လူတိုင်း ဘဝတွေလည်း တကယ်

မြင့်ခဲ့တာပဲ​လေ… အမြဲတန်း အတွက် မမျော်လင့်ဖို့ ကူညီပေးခဲ့ဖူးသူတိုင်းကို ပြောဖူးပါတယ်…. ဆေး အရင်ကုဖို့ စီစဉ်မယ်… စားဝတ်နေရေး ဆိုလည်း တွန်းလှည်းနဲ့ အစားအသောက်

ရောင်းပေါ့.. အရင်းအနှီး ပြန်ကူညီပါ့မယ်… အလုပ် မလုပ်ချင်လို့တော့ မရဘူးလေ… လူတိုင်း လူတိုင်း အလုပ်လုပ်ရတယ်လေ… မူးယစ်ဆေးနဲ့ ဝေးဝေးနေပြီး လိမ်မာဖို့တော့ လိုတာပေါ့…

ကျွန်တော် အများကြီး မပြောချင်တော့ဘူး… လူတိုင်းကို စေတနာ နဲ့ ကူညီခဲ့တယ်…အကုန် Level တစ်ခု ရောက်ခဲ့တဲ့ လူတွေကြီးပဲ… ကျော်စွာလည်း အခြေနေ တစ်ခုပြောင်းခဲ့ပါတယ်…

ဘာကြောင့် ဒီလိုပြန်ဖြစ်လဲ ဆိုတာ သူအသိဆုံးပေါ့….”