လမ်းတစ်ပတ် စက်ဘီးမောင်းပေးမှ ကျေနပ်သွားတဲ့ ဂေဟာက သားအလည်လေး အကြောင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ရင်သွေးလေးများ ဂေဟာနဲ့ ခိုင်နှင်းဝေကတော့ မသန်စွမ်း ပြည်သူများကို ခြေတု တပ်ဆင်ပေးခြင်းတွေ အမြဲပြုလုပ်ပေးနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ သားသမီးလေးတွေကိုလည်း

အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ အချိန်ပေးကာ မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ်။ ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ

တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက

နွေးထွေးလုံခြုံ နေခဲ့ပါတယ် ။ကလေးတွေရဲ့ ချစ်စရာ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရပါတယ်။ အခုလည်း စက်ဘီးပတ်စီးကာ ပျော်ရွှင်နေတဲ့

ဂေဟာက သားလေးရဲ့ ချစ်စရာ ပုံလေးတွေနဲ့အတူ ” ကားဆရာကြီး စက်ဘီးပေါ်ကနေ မဆင်းတော့ဘူး…လမ်း တပတ်ထွက်ပေးမှ ကျေနပ်တဲ့ အလည်လေး..” ဆိုပြီး ရေးသားဖော်ပြထားတာကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။