လက်ရှိ တိုင်းပြည်အခြေအနေနဲ့ ခံစားနေရတဲ့ ရောဂါအခြေအနေကြောင့် အနုပညာလောကကို အပြီးတိုင် ကျောခိုင်းရတော့မယ့် သက်မွန်မြင့်

သရုပ်ဆောင် သက်မွန်မြင့်က တိုင်းပြည်အခြေအနေနဲ့ ရောဂါအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို အပြီးတိုင်ရပ်နားလိုက်တော့မည့် အကြောင်းကို

အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင် သက်မွန်မြင့်က “ကျွန်မတွေးခဲ့တာ အသက် (၄၀) လောက်ဆို နားမယ်ပေါ့… နားမယ်ဆိုတာ အသက်မွေးဝမ်းကျောင်း အနေနဲ့

နားမယ် ပြောတာပါ… လုံးဝ မစွန့်လွှတ်နိုင်တာမို့ တချို့ အရမ်း သဘောကျတဲ့ ဇာတ်တို့ ရိုက်သင့်တဲ့ ဇာတ်တို့လောက်ပဲ ရိုက်ပြီး ကလေးတွေကို အချိန်ပေးမယ်၊ ပျိုးထောင်မယ်၊

ကိုယ် ဝါသနာပါတာလေးတွေ လုပ်ရင်း ဘာသာရေးလေးလုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းတော့မယ်ပေါ့… ခုတော့ နားရတာမှ ဆက်လုပ်လို့ကို မရတော့တာ… ပထမ ကိုဗစ်၊

ဒုတိယ ကိုယ့် SLE Lupas ရောဂါ၊ တတိယ တိုင်းပြည်အခြေအနေ၊ နားရတာမှလေ.. တကယ်ပါပဲ… ကိုယ်နားချင်တာ ဒီလိုမျိုး မဟုတ်ဘူး… ပရိတ်သတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီ…” ဆိုပြီးတော့ ရေးသား ဖော်ပြထားပါတယ်နော်။