ရှောင်ပြေး တိမ်းရှောင်ခဲ့ရစဉ်က အဖြစ်အပျက် တစ်ချို့ကို သတိတရနဲ့ ပြန်ပြောပြလာတဲ့ “R ဇာနည်”

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိတ်သတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်အဆိုတော်ကြီး Rဇာနည် ပဲ ဖြစ်ပါတယ်။

သူကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ The Voice Myanmar မှာ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်၊ ကျားပေါက်၊ ရန်ရန်ချမ်း တို့နဲ့အတူ ဒိုင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ ချစ်စရာကောင်းတဲ့ ကလေး (၃) ယောက်ရဲ့ ဖခင်တစ်ဦးလဲ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည်ဟာ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူ

တတ်တတ်ကြွကြွ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ ဘေးကင်းရာကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ R ဇာနည်ဟာ ကရင်ပြည်နယ်ကြီးက အရင်လို ပျော်စရာမကောင်းတော့တဲ့ အကြောင်းကို

အခုလိုပဲ ရင်ဖွင့်လာပါတယ်။ R ဇာနည်ကတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းတဲ့ နေ့မှစပြီး ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးထဲတွင် အပါအဝင် ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပြည်သူတွေက ပိုမိုချစ်ခင်အားပေးကြတာလဲဖြစ်ပါတယ်။ အဆိုတော် R ဇာနည်ဟာ အာဏာစတင်သိမ်းချိန်မှ စပြီးတော့ ကိုးလကျော်ကာလ ကြာတဲ့အထိ အခက်အခဲများကို

ရင်ဆိုင်ပြီးတော့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးစားအားထုတ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ပွဲတွေဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ

အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေရတာကြောင့် အရင်လိုနေထိုင်ရတာ ပျော်စရာမကောင်းတော့တဲ့ အကြောင်းကို ”Before military coup Karen was fun but now…. ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ

အရင်ကအချိန်တွေကို ပြန်လည်လွမ်းမိနေတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရေ အရင်ကအချိန်တွေကို

ပြန်လည်လွမ်းမိနေတဲ့ R ဇာနည် ကို အားပေးစကားလေးတွေ ပြောပေးခဲ့ပြီးတော့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆုတောင်းစကားလေးတွေကို ပြောပေးခဲ့ပါအုန်းနော်။

Be the first to comment

Leave a comment

Your email address will not be published.


*