ရွာကို ပြန်ရောက်တုန်း မွန်မြတ်လှတဲ့ အလှူတစ်ခုကို လှူဒါန်းဖြစ်ခဲ့တဲ့ “ဝိပါက” မင်းသားချောလေး သုတအောင်

သရုပ်ဆောင် သုတအောင်ကတော့ အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေ နဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်

ပရိတ်သတ်ကြီးရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ ဒီကနေ့မှာတော့ ဝိပါကမင်းသားချော သုတအောင်က ရွာကိုရောက်တုန်း မွန်မြတ်တဲ့ အလှူလေးတစ်ခု

လှူဖြစ်ခဲ့တာကို အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင် သုတအောင်က “ရွှာရောက်တုန်း လှူဖြစ်ခဲ့တဲ့ အလှူလေး…..🙏🙏🙏” ဆိုပြီးတော့ အွန်လိုင်းပေါ် ကို တင်လာပါတယ်နော်။

“ကျွန်တော့်ရွှာ ရောက်တုန်း ရွှာက လေဖြတ်နေသော အကိုကြီးတစ်ယောက်အတွက် သွားရေးလာရေး အဆင်ပြေဖို့ ဝှီးချဲလေး လှူပေးဖြစ်ခဲ့တယ်ဗျ…..🙏🙏🙏” ဆိုပြီး

လှူဖြစ်ခဲ့တဲ့ အလှူလေးကို အားပေးတဲ့ ပရိတ်သတ်ကြီး သာဓု ခေါ်နိုင်ဖို့ တင်ပေးလာပါတယ်။