ပရိတ်သတ်ကြီးရေ မင်းသားချော စွမ်းဇာနည်ကတော့ ဇာတ်သဘင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
ချောမောလှပတဲ့ ရုပ်ရည်လေးကြောင့် ဇာတ်သဘင်လောကတွင် သာမက ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွေကိုပါ လက်ခံ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်နော်။
နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ခြင်း မရှိတာကြောင့် အနုပညာလောက ကနေ အနားယူခဲ့ရတာပဲ ဖြစ်ပါတယ်။ သူကတော့ “အခုလိုမျိုး အောင်မြင်ခဲ့တဲ့
မင်းသားတစ်ယောက် ဖြစ်ဖို့ ငယ်ငယ်က အချိုရည်၊ လက်ဖက်ရည်၊ ရေနွေးကြမ်း မသောက်ရဘူး… ရေနွေးငွေ့က မျက်နှာ လာဟပ်ပြီး ရုပ်ရင့်မှာ ဆိုးလို့ ရေနွေးကြမ်းတောင်
မသောက်ခဲ့ရဘူး… ဖိနပ်ကိုလဲ ခုံဖိနပ်စီးပြီး အကလေ့ကျင့်ခဲ့ရတာ… ပရိတ်သတ် မိန်းကလေးတွေနဲ့လဲ (၁ဝ) မိနစ် ထက်ပိုပြီး မပြောခိုင်းဘူး။ (၁၀) မိနစ် ကျော်ရင်
အမေက မောင်းထုတ်တာ…” ဆိုပြီး သူရဲ့ မိဘတွေက ချုပ်ချယ်ခံခဲ့ရတဲ့ ဘဝလေးကို ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။