ရည်းစားတွေလည်း မဟုတ် အပြင်မှာလဲ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးခဲ့တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖူးခဲ့တဲ့ သရုပ်ဆောင် မြတ်ကေသီအောင်

ရည်းစားတွေလည်း မဟုတ် အပြင်မှာလဲ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးခဲ့တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖူးခဲ့တဲ့ သရုပ်ဆောင် မြတ်ကေသီအောင်….

သရုပ်ဆောင် မြတ်ကေသီအောင်ကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို

အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် သရုပ်ဆောင် မြတ်ကေသီအောင်က အသက် (၃၅) နှစ် အရွယ်မှာ တစ်ခါမှ မမြင်ဖူးမတွေ့ဖူးခဲ့တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ခဲ့တဲ့ အကြောင်းကို

အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင် မြတ်ကေသီအောင်က “အိမ်ထောင်ပြုမယ်ဆိုရင် အတ္တကို ရှေ့တန်းတင်လို့ မရဘူးဆိုတာ အစ်မ ဘဝနဲ့ချီပြီး သင်ခန်းစာရလိုက်တယ်… အစ်မ ယူတဲ့ယောက်ျားက

အပြင်မှာလဲ တစ်ခါမှ မတွေ့ဖူးဘူး… ရည်းစားတွေလဲမဟုတ်ဘူး… အစ်မအသက် (၃၅) နှစ်မှာ အစ်မ ညီမရဲ့သူငယ်ချင်းကနေ သူ့ဖုန်းနံပါတ်ရတယ်… သူက ဖုန်းဆက်လာတယ်… မိဘတွေ မရှိတော့ရင်

တစ်ယောက်ထဲ ရပ်တည်လို့ မရဘူး… ယောက်ျားယူမှ ဖြစ်မယ် ဆိုပြီး သူ့ကို ယူလိုက်တယ်… အမှန်တကယ် (၃) လလောက်ပဲ ပေါင်းပြီး အိမ်ထောင်ကွဲသွားတယ်…” ဆိုပြီး ဝမ်းနည်းစွာ ရင်ဖွင့် ပြောပြလာခဲ့ပါတယ်နော်။