ရင်နဲ့လွယ်ပြီး မွေးထားခဲ့ရတဲ့ သားသမီးကို ပြတ်နိုင်တဲ့ မိဘဆိုတာ မရှိပါဘူး ဆိုပြီး မျက်ရည်စတွေနဲ့ ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာတွေနဲ့အတူ ပရိတ်သတ်တွေကို ဖမ်းစားထားပြီး ဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့

အတွက်ကြောင့် ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကို တခဲနက် အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ထက်ထက်မိုးဦးက ကိုယ့်မွေးထားတဲ့

သားသမီးကို ပြတ်နိုင်တဲ့မိဘဆိုတာ မရှိပါဘူး ဆိုပြီးအခုလို ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့ပါတယ်နော်။ သရုပ်ဆောင် ထက်ထက်မိုးဦးက “ကိုယ်မွေးထားတဲ့ သားသမီးကို ပြတ်နိုင်တဲ့ မိခင် ဆိုတာ

မရှိပါဘူး…. သမီးလေးနဲ့ ပြန်ဆုံနိုင်မယ့် တစ်နေ့နေ့ကို မျှော်လင့်နေတယ်… လူတွေက အားနည်းချက်ကို သိနေတော့ နင်းကြတယ်… အိမ်ထောင်ရေးမှာလည်း တစ်ယောက်ပြီး

တစ်ယောက် ပြောင်းတယ်လို့ ပြောတယ်… ဘယ်သူက ပြောင်းချင်မှာလဲ… အိမ်ထောင်ရေး ဘ၀ ဖြတ်သန်းမှု ခံစားချက်တွေပါ….” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။