သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားပြီး သီဆိုတတ်တဲ့ အဆိုတော် ပိုပိုကတော့ အခုအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိခဲ့ပေမယ့်
သူမရဲ့ ငယ်ဘဝဖြတ်သန်းမှုကတော့ ကြမ်းတမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ ပြီးခဲ့တဲ့နှစ်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားခဲ့ရပြီး ပြီးခဲ့တဲ့လကမှ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုဟာ မကြာခင်ရက်ပိုင်းမှာ သူမရဲ့ “အိမ်လွမ်းနာ” သီချင်းလေးကို မျှဝေတော့မှာဖြစ်ပြီး အဆိုပါ သီချင်းလေးဟာ
သူမ အထဲမှာရှိစဉ်က အိမ်ပြန်ချင်တဲ့စိတ်တွေကို ခံစားချက်အပြည့်နဲ့ ရေးသားသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုက သူမဘဝရဲ့ အမြဲတမ်းအမှတ်ရနေမယ့် သီချင်းလေးကို သူမရဲ့လက်မှာ
တက်တူးလေး ထိုးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ ပိုပိုကတော့ လာမယ့် ဒီဇင်ဘာလ ပထမအပတ်အတွင်းမှာ သူမရဲ့ “အိမ်လွမ်းနာ” သီချင်းလေးကို ပရိတ်သတ်တွေဆီ
ချပြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုပိုရဲ့ သီချင်းသစ်လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နားဆင်ပေးကြပါဦးနော်။