သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုံရတီကတော့ ကာရိုက်တာ တစ်ခုစီတိုင်းမှာ မတူညီတဲ့ အမိုက်စား သရုပ်ဆောင်ကွက်တွေ နဲ့အတူ
ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို
အခိုင်အမာ ရရှိထားပါတယ်နော်။ သရုပ်ဆောင် ရွှေမှုံရတီကတော့ ယခုအချိန်ကာလတွေမှာ ဆိုရင် ကြော်ငြာများ ရိုက်ကူးရင်း၊
အလှဓာတ်ပုံများ ရိုက်ကူးရင်းနဲ့ ဘဝကို အေးအေးချမ်းချမ်း သာသာယာယာ ဖြတ်သန်း နေပါတယ်နော်။ အခုတစ်ခါမှာတော့
ရွှေမှုံရတီက ချစ်ခင်ပွန်းရဲ့ လူသိပ်မသိသေးတဲ့ အရက်မူးလာရင် ဖြစ်တတ်တာလေးကို ပရိတ်သတ်ကြီးကို ပြန်လည်
ဖောက်သည်ချခဲ့ပါတယ်နော်။ “ယောကျ်ားဖြစ်သူ ရွှေထူး မူးလာတဲ့ညတွေ ဆိုရင် သူက သီချင်းတွေ ဆိုလိုက်၊ စကားတွေပြောလိုက်
အစနောက်ကလည်း သန်တော့.. အရမ်းလည်း စနောက် မိုးလင်းသွားတယ်.. မအိပ်ရဘူး…”
လို့ ပြောပြလာခဲ့ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့ ရွှေနှစ်ရွှေတို့ ဇနီးမောင်နှံလေးအတွက် ပရိတ်သတ်ကြီးကလည်း တစ်ခုခု ပြောပေးခဲ့အုံးနော်။
Be the first to comment