ယောက်ဖဖြစ်သူရဲ့နောက်ဆုံးခရီးသို့ စိတ်မကောင်းခြင်းများစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ အန်ကယ်လေး

လူမင်းဆိုတာနဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်ပိုင်းက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ထိန်းသိမ်းခံရပြီးနောက် မကြာမီက ပြန်လည် လွတ်မြောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ လွတ်မြောက်ပြီးချိန်မှာလည်း ပရိတ်သတ်တွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေလည်း နားခဲ့ပြီး ပရိတ်သတ်တွေနဲ့ အဆက်သွယ်ပြတ်နေခဲ့တာပါ။ ဒီနေ့မှာတော့ သူရဲ့ပုံရိပ်တွေဟာ လိုင်းပေါ်ပြန်လည် ရောက်နေခဲ့တာပါ။ ပြီးခဲ့တဲ့

(၃၁.၁၀.၂၀၂၂) ရက်နေ့က သူရဲ့ယောက်ဖတော်စပ်သူ ကွယ်လွန်ခဲ့တာပါ။ ဒီနေ့ အသုဘချတဲ့နေရာကို ရောက်လာခဲ့တာပါ။ ပရိတ်သတ်တွေကိုလည်း ယောက်ဖဖြစ်သူ

ကိုဥာဏတင်စိုးတစ်ယောက် ရုတ်တရက် ကွယ်လွန်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးလူမင်းရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။