ယနေ့ မနက်မှာ ကွယ်လွန်သွားတဲ့ သရုပ်ဆောင် မင်းသမီးချော မိုးဟေကိုရဲ့ ဖခင် ဦးကျော်မင်း

မင်းသမီးချောလေး မိုးဟေကိုကတော့ ဗီဒီယိုတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့ပြီး အနုပညာ အလုပ်တွေကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုးဟေကိုက လက်ရှိမှာလည်း ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခု တည်ထောင်ထားပြီး ဇာတ်ကားတွေ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုကို

အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမက သရုပ်ဆောင်မှု နယ်ပယ်မှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို

သိမ်းပိုက်ထားနိုင်သူလေး ပါနော်။ ယနေ့မှာတော့ သရုပ်ဆောင် မိုးဟေကိုရဲ့ ဖခင်ဖြစ်သူ ဦးကျော်မင်း အသက် (၇၀) နှစ်ဟာ ယနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ မနက်က

အာယုဆေးရုံမှာ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။