ယနေ့မှာတော့ အင်းစိန် ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပရိတ်သတ်တွေ နှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့ ပြည်သူချစ် သရုပ်ဆောင်တစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်ဟာ အနုပညာရှင်တစ်ယောက်ဖြစ်သလို လူအများကြီးရဲ့ စောင့်ကြည့်အားပေးခြင်းကို

ခံရပေမယ့် သူမဘဝကို စိတ်ကြိုက်ဖြတ်သန်းသူ တစ်ယောက်ပါ။ လူငယ်ပီပီ လွတ်လပ်ပေ့ါပါးတာကို ခုံမင်ပြီး စတိုင်လ်ကျကျနေတတ်တဲ့ သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး

အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲခံထားရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်ဟာ ရန်ကုန် အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် (၅) နှစ် ချမှတ်

ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ သင်ဇာဝင့်ကျော်နဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းကတော့ သင်ဇာ့ရဲ့ သတင်းဆိုးအတွက် စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်နဲ့

တစ်ချိန်တည်းဖမ်းဆီးထိန်းသိမ်းခံရတဲ့ မော်ဒယ်လ် နန်းမွေစံဟာလည်း ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတာပဲဖြစ်ပါတယ်။ သင်ဇာတစ်ယောက် အမြန်ဆုံး လွတ်မြောက်လာဖို့ကိုပဲ ဆုတောင်းရုံပဲ ရှိပါတော့တယ်နော်။