မြန်မာသံ တေးသံရှင်ကြီး တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ဟာလည်း ဖခင်ဖြစ်သူရဲ့ ဂီတအနုပညာအမွေတွေကို ဆက်ခံထားသူတစ်ယောက် ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်ဟာ
လက်ရှိမှာ အဆိုတော်တစ်ယောက်အဖြစ် အပြင် ရတနာကုန်သည်တစ်ယောက် အဖြစ်လည်း ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အဆိုတော် ရွှေရည်သိန်းတန် ကတော့
မိန်းမသားတစ်ယောက် ဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်နေပြီး ဘာသာတရားကိုင်းရှိုင်းသူလဲ ဖြစ်ပါတယ်။ သူမဟာ မကြာခင် လပိုင်းလောက်က
မကြာခင် လက်ထပ်တော့မယ့် ခင်ပွန်းဖြစ်သူကိုလဲ ပရိတ်သတ်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါသေးတယ်။ ယနေ့မှာတော့ ရွှေရည်သိန်းတန်က သူမရဲ့သတင်းကောင်းတစ်ခုကို
ပရိတ်သတ်တွေအား မျှဝေ အသိပေးလာခဲ့တာလည်း ဖြစ်ပါတယ်။ သူမက ဒီနေ့မှာပဲ ချစ်သူလေးနဲ့ တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီလည်း ဖြစ်ပါတယ်။
အဆိုတော် ရွှေရည်သိန်းတန်တစ်ယောက် ချစ်ရသူလေးနဲ့ ရွှေလက်ခိုင်မြဲပြီး ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေ လို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။