MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ ဇာတ်လမ်းတွဲတွေ များစွာကို ရိုက်ကူးထားပြီး ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိထားသူလေးမို့ အထူးတလည် မိတ်ဆက်ပေးစရာ
မလိုတော့ပါဘူးနော်။ ချစ်စရာကောင်းသလို သရုပ်ဆောင်လည်း ကောင်းတာမို ပရိတ်သတ်တွေ အားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူဒေါက်တာလေးနဲ့ အချစ်ရေးမှာ အဆင်ပြေနေလို လူတိုင်းက အားကျနေရတဲ့
မင်းသမီးလေးပဲ ဖြစ်ပါတယ်နော်။ မေမီကိုကိုရဲ့ ချစ်သူဟာ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား ဆရာဝန် စာရေးဆရာ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေမီကိုကိုက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့က
သူမရဲ့ မွေးနေ့ကတည်းကနေ ဒီနေ့ဒီအချိန်ထိ ချစ်သူဒေါက်တာလေးဆီက လက်ဆောင်တွေများစွာကို လက်ခံရရှိနေပြီး အချစ်ခံနေရကြောင်းကို ပြသလာပါတယ်။ မေမီကိုကိုနဲ့ ဒေါက်တာ ကျော်ဇောဟိန်းတို့ဟာ ချစ်သူသက်တမ်း
အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အနေအေးပြီး သိုသိုသိပ်သိပ်ပဲ နေတတ်တာမို့ နှစ်ယောက်သား ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ အကြောင်းအရာတွေက နည်းပါးလွန်းလှပါတယ်။ မေမီကိုကိုတို့ ချစ်သူနှစ်ယောက်
အခုလိုပဲ ထာဝရ ပျော်ရွှင်ပြီး ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။