တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အမျိုးသမီးတွေ ဆိုင်ကယ်စီးနင်းရင် ဂါဝန်၊ ဘောင်းဘီတို၊ စကပ် ဝတ်ဆင်ပြီး မစီးရဘူး ဆိုပြီး စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ (၂၆) ရက်နေ့က စလို့ အဲ့ဒီအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာတာ ဖြစ်ပြီး စကဒ်ဝတ်လို့ ဖမ်းဆီးခံရတဲ့ မြို့ခံအမျိုးသမီးအချို့လည်း ရှိတယ် လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်က စာထုတ်ထားတယ်.. ဆိုင်ကယ်စီးရင် ဆိုင်ကယ်ပေါ်ကို ခွေးတွေ ကြောင်တွေ တင်ပီး မမောင်းရဘူးတဲ့လေ.. မိန်းကလေးတွေဆိုလဲ စကဒ်အတိုတွေ ဝတ်ပီး ဆိုင်ကယ်မမောင်းရဘူး ပြောတယ်..
တွေ့တာနဲ့ ဖမ်းမယ်ပြောတယ်.. စစ်ကောင်စီက ဘာအတွက် ဒါတွေ လျှောက်လုပ်နေတာလဲ နားကိုမလည်တော့ဘူး… တမင်သက်သက် ပြည်သူကို အနိုင်ကျင့်နေသလိုဖြစ်နေပီ..” လို့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။
ဆိုင်ကင်းစီးနင်းရာမှာ အမျိုးသမီးတွေ ဂါဝန်၊ ဘောင်း ဘီတို၊ စကပ်မဝတ်ရ အမျိုးသမီးများ “ထမိန်” သီးသန့်ဘဲ ဝတ်ရမယ့်အပြင် အမျိုးသားများ ဆင်ကြယ်၊ မြင်းကြယ် ဖိနပ်မစီးရ၊ ခွေး၊ ကြောင် ဆိုင်ကယ်ပေါ်တင်မမောင်းရ၊ ဖိနပ် ကြိုးသိုင်း မစီးရ လို့
စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က နတ်ပီတိကျေးရွာ လမ်းစုံမှာလည်း စက်တင်ဘာ (၂၅) ရက်နေ့က ဒေသခံအမျိုးသမီးတဦး ကို အတွင်းခံအင်္ကျီ မဝတ်ဆင်ဘဲ ဆိုင်ကယ်မောင်းနှင်လာ လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
Be the first to comment