မေမေ့အပေါ် သဝန်တိုလွန်းတဲ့ သမီးလေးက အဆင်ပြေတယ် ပြောလို့ ငယ်ချစ်ဦးနဲ့ပဲ ပြန်လက်တွဲခဲ့တယ် ဆိုတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသောဇာတ်ကောင်တွေမှာ မတူညီတဲ့သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့

အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် မျိုးစန္ဒီကျော်က သမီးလေးက အဆင်ပြေတယ် လို့

ပြောလို့ ငယ်ချစ်ဦးနဲ့ပဲ ပြန်လက်တွဲခဲ့တဲ့ အကြောင်းကိုအခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင် မျိုးစန္ဒီကျော်က “(၂၀၁၆) ခုနှစ်မှာ အိမ်ထောင်ကွဲ သွားခဲ့တယ်.. (၂၀၁၉) လောက်မှာ

ငယ်ချစ်ဟောင်းနဲ့ ပြန်ဆုံခဲ့တယ်.. သူက အရင်က လူဆိုး… ခေါင်း အရမ်းမာတယ်.. စိတ်မရှည်ဘူး… အခုတော့ အစ်မတို့ သားအမိကြောင့် မကောင်းတာတွေအကုန် သူ စွန့်လွှတ်ပစ်ခဲ့တယ်…

သမီးလေးကလည်း သူ့ကို ချစ်ပါတယ်… သမီးလေးနဲ့ အဆင်ပြေလို့ သူ့ကို လက်တွဲခဲ့တယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။