မိသားစု အခြေအနေတွေကြောင့် တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းကြည့်ချင်ပေမယ့် မဖြတ်သန်းခဲ့နိုင်ဘူး ဆိုတဲ့ မင်းဘုန်းမြတ်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေက တစ်ဆင့် အနုပညာလမ်းပေါ်ကို လျှောက်လှမ်းလာတဲ့ မင်းသားချော မော်ဒယ်မင်းသား မင်းဘုန်းမြတ် ကတော့ ပီပြင်လွန်းတဲ့

သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေ ရင်ထဲမှာ နေရာယူထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အနုပညာလှုပ်ရှားမှု အနေနဲ့ မော်ဒယ်၊

သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်နေတာ ဖြစ်ပြီး အရင်က ထုတ်လွှင့်ခဲ့တဲ့ “စေတလုံး မောင်ဘုန်း” ဇာတ်လမ်းတွဲကလည်း အရမ်းကို အောင်မြင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့

တစ်ခဲနက် အားပေးမှုကို ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေကို ရရှိခဲ့ဖို့လည်း အခက်အခဲတွေ အများကြီးနဲ့ ကြိုးစားခဲ့ရပါတယ်။ အနုပညာပိုင်းမှာ ထူးချွန်တဲ့

မင်းဘုန်းမြတ်က ပညာရေးပိုင်းမှာတော့ 1st year အထိပဲ ကျောင်းတက်ခဲ့ရတာ ဖြစ်ပါတယ်။ “တခြား အခြေအနေနဲ့ မိသားစုအခြေအနေတွေကြောင့် ကျောင်းဆက် မတက်ဖြစ်ခဲ့တာပါ…

တက္ကသိုလ် ကျောင်းသားဘဝကို ဖြတ်သန်းကြည့်ချင်ပေမယ့် မဖြတ်သန်းခဲ့ရတာကြောင့် တက္ကသိုလ်ကျောင်းသား ဇာတ်ကောင်လေး ဆိုရင်လည်း ရိုက်ကူးချင်တယ်…” လို့

အင်တာဗျူးမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနုပညာလမ်းပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေနိုင်တဲ့ မောင်ဘုန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။