ပရိတ်သတ်ကြီးရေ ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အဆိုတော်ရွှေထူးနဲ့
အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ သီချင်းတွေကိုပါ သီဆိုကာ အဆိုတော်တစ်ယောက် အဖြစ်နဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါသေးတယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့မှာတော့
ရွှေမှုံရတီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ခင်ပွန်းဖြစ်သူရွှေထူးရယ် သူ့ရဲ့မိသားစုတွေနဲ့ မိသားစု စုံလင်စွာ အလှူလေး ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
“အလှူနေ့က ပုံလေး” ဆိုပြီး အလှူမှတ်တမ်းပုံတွေ ဖြစ်ကြောင်းလည်း ရေးသားပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ ရွှေမှုံတို့ မိသားစုစုံလင်စွာနဲ့ အလှူပြုလုပ်ခဲ့တဲ့
ပုံလေးတွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်မိကြကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ ပရိတ်သတ်ကြီးတွေထဲက “ရွှေ နှစ် ရွှေ” တို့ကို ချစ်ကြတဲ့ ပရိတ်သတ်တွေအတွက် ပုံလေးတွေကို မျှဝေဖော်ပြလိုက်ပါတယ်။