လူကြမ်းသရုပ်ဆောင် ကိုကိုဦးကတော့ အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်
ပရိတ်သတ်ကြီးရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် လူကြမ်းသရုပ်ဆောင် ကိုကိုဦးက မိသားစု စားဝတ်နေရေး ခက်ခဲနေချိန်မှာ
သားလေးက ပြန်လုပ်ကျွေးလို့ ၀မ်းသာကြောင်း အခုလိုပဲ ပြောလာခဲ့ပါတယ်နော်။ လူကြမ်းသရုပ်ဆောင် ကိုကိုဦးက “ကျနော်တို့ ငယ်ငယ်တုန်းက မိဘကို ရှာကျွေးရကောင်းမှန်း
မသိခဲ့ သလို မိဘ ဆုံးမတာလည်း နားမထောင်ခဲ့မိဘူး… ဒါတွေအတွက် အခု နောင်တရမိတယ်.. သား သီဟအောင်ကတော့ သူ့အရွယ်လေးနဲ့ မိဘကို ရှာကျွေးနိုင်ပြီ…
မိဘတွေ ခက်ခဲနေချိန်မှာ သားလေးကြောင့် အဆင်ပြေခွင့် ရနေပါတယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။